Part 13

941 64 17
                                    

At School

*Phone Ringing*

Seo:Yobosaeyo?

...

Seo:Aww...unnie ya...

...

Seo:Waeyo?...

...

Seo:Aww...omm omm Sea Ronကိုပါ ခေါ်ခဲ့လို့ရတယ်မလား?

...

Seo:Nae unnie...ဒါဆို ဒါပဲနော် အတန်းစနေပြီမို့လို့...

Seo phoneကိုချလိုက်ပြီးပြီးချင်း ဆရာမဝင်လာတော့ Seo စာကိုပဲ သေချာလိုက်နားထောင်နေလိုက်သည်...

ဒါပေမယ့် စာသင်ချိန် တဝက်လောက်ကျိုးတော့ သူမရဲ့မျက်လုံးတွေ အလိုလို ရောက်ရှိသွားရာ နေရာက သူမ၏ဘေးခုံတွင်ထိုင်ကာ စာသင်နေသော Sae Ronဆီ......

Kim Sae Ron...သူမ၏ဘဝတွင် နှစ်ယောက်မရှိနိုင်သည့် သူမအချစ်ရဆုံးသော သူငယ်ချင်း......arnyii......ချစ်တယ် ဆိုတဲ့နေရာမှာ သူငယ်ချင်းတယောက်ရဲ့ အချစ်ထက်ပိုနေပါတယ်...

ဒါပေမယ့်...သူမမှာ ဖွင့်ပြောဖို့ရာ သတ္တိမရှိသေးပါ...arnyii...နောက်လည်း သတ္တိရှိလာမှာ မဟုတ်ပါ...

သူမ...သူမရဲ့အမဖြစ်သူ Yoonaကိုတော့ Soojungကိုဖွင့်ပြောခိုင်းခဲ့သည်...
ခံစားချက်တွေကို မမြိုသိပ်ထားဖို့ အားပေးတိုက်တွန်းခဲ့ပါသည်...

သို့သော်...

သူမကိုယ်တိုင်ကတော့...ရင်ထဲက ခံစားချက်တွေကို ဖွင့်ပြောရန် သတ္တိမရှိသေးပါ...

သွေးကြောင်တယ်ပဲပြောပြော သူမရဲ့ ခံစားချက်တွေကြောင့် သူမနှင့် Sae Ronကြားက ခင်မင်ရင်းနှီးမှုတွေ ပျောက်ပျက်သွားမှာကိုတော့ Seohyunတယောက် အလွန် ကြောက်လန့်မိပါသည်...ပြီးတော့ ဒီbest friendဆိုတဲ့ တံတိုင်းကြီးကလည်း ဖြိုဖျက်ရန် ခက်ခဲလွန်းလှပါသည်...

"ဟူးးး"

Soehyunတယောက် သက်ပြင်းတချက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်မိသည်...

ဘယ်လောက်တောင် ကျယ်သွားသည်မသိ... ဆရာမကပင် အနောက်ဘက်ကို လှည့်လာကာ...

Teacher:Seohyun na...ဘာဖြစ်လို့လဲ?အခု သင်နေတာတွေ နားမလည်ဘူးလား?

ဟုတ်ပါသည်လေ...သူမလို စာတော်တဲ့ ကျောင်းသူတယောက်...စာသင်ချိန်မှာ စာကိုပဲ တစိုက်မတ်မတ်လုပ်နေတဲ့ ကျောင်းသူ တယောက်ဆီက စာသင်ချိန်အတွင်း သက်ပြင်းချသံထွက်လာသည်ဆိုတော့ ဆရာမအတွက် အနည်းငယ် ထူးဆန်းနေပါလိမ့်မည်

Once Upon A TimeDonde viven las historias. Descúbrelo ahora