At a certain bar...
သူမ... သူမလက်ထဲက အရက်ခွက်ကို ရီဝေနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။ ထို့နောက်တွင်တော့ ရေငတ်လာသောသူက ရေတွေ့တွေ့ချင်း အငမ်းမရသောက်သလို တစ်ခွက်လုံးကို တရကြမ်း သောက်ချလိုက်သည်။
တခွက်သောက်လိုက်သည်နှင့် လည်ချောင်းတလျှောက်နှင့် ရင်ထဲအထိ ရှတတနှင့် ပူပြင်းပြီး ကျဆင်းသွားခဲ့သည်။
ဒါပေါ့... သူမရေသောက်သလိုမျိုး သောက်နေတာက ရေတွေမှမဟုတ်တာ။ Bar Counterဝန်ထမ်းကို ချပေးခိုင်းထားတဲ့ ပြင်းလှပါပေ့ဆိုတဲ့ အရက်တွေလေ။
သို့သော်...
သူမရင်ထဲက အပူမီးက... အရက်ကြောင့် ဖြစ်ရတဲ့ ပူပြင်းမှုထက် အဆတစ်ရာ.. တစ်ထောင်မက ပိုမိုပူပြင်းနေခဲ့သည် ဆိုလျှင်ရော...?
"ခွပ်!"
သူမ မကျေမနပ်ဖြင့် ဖန်ခွက်ကို counterပေါ် စောင့်ချလိုက်သည်။ ထို့နောက် လစ်လပ်သွားသော ဖန်ခွက်နေရာကို တစ်မဟုတ်ချင်း ပြန်ဖြည့်လိုက်ပြီး ထပ်မော့ချလိုက်သည်။
ဒီတစ်ခါလည်း ပြင်းရှရှအရသာက သူမရဲ့အာသာကို မပြေစေနိုင်သေးသလိုလို...။
"ဟူးးး..."
သူမလေပူတစ်ချက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်မိသည်။
ရင်ထဲက ဝမ်းနည်းပူလောင်မှုတွေကို နှုတ်ကပြောဆို ဖွင့်မဟနိုင်တော့ မျက်ဝန်းအိမ်မှ မျက်ရည်ပူများက သက်သေအဖြစ် ကျဆင်းလာခဲ့သည်။
သူမငိုနေတာပဲ...။
သူမပျော်နေရမှာလေ။ အားလုံးအတွက် အကောင်းဆုံးဖြစ်စေမယ့် အရာကို သူမသေသေချာချာဆုံးဖြတ် လုပ်ဆောင်ခဲ့ပြီးပြီပဲ။ သူမဝမ်းနည်းနေစရာ အကြောင်းမှ မရှိတာ။
သူမနောက်ထပ်တစ်ခွက်ထည့်ကာ သောက်မယ်လုပ်တော့ အရက်ငှဲ့နေတဲ့ သူမရဲ့လက်ကို လက်တစ်စုံက ခပ်ကြမ်းကြမ်း လာဆုပ်ကိုင်သည်။
သူမမော့ကြည့်လိုက်တော့...
Yoon:Fany unnie...?
Fany:တော်သင့်ပြီထင်တယ် Im Yoona...
Yoona ခုနက သူမလွတ်လပ်စွာ ကျဆင်းခွင့် ပေးထားတဲ့မျက်ရည်တွေကို အင်္ကျီလက်နဲ့ ဆွဲသုတ်လိုက်ပြီး...
ESTÁS LEYENDO
Once Upon A Time
FanfictionYoonstal Fanfic Cast Main-Yoona,Krystal and Yuri Support-Other SNSD members