Part 2

849 64 10
                                    

Yuri POV

သူမ...ကျမအရမ်း ချစ်ခဲ့ရတဲ့ သူမ...
ဒီနေ့ နဲ့ဆို သူမ ကျမဘဝ ထဲကနေ အပြီးပိုင် ထွက်သွားတာ တစ်လ တိတိတောင်ပြည့်ပြီပဲ

ကျမ ကျမရဲ့ အရှေ့တည့်တည့် မှာရှိနေတဲ့ အုပ်ဂူမှတ်တိုင် လေးကို အသက်မဲ့စွာ စိုက်ကြည့် နေမိတယ် အုပ်ဂူလေးပေါ်မှာရေးထားတာက...

"Jessica Jung...အသက်24နှစ်"

မငိုဘူးလို့ စိတ်တင်းထားပေမဲ့ မျက်ရည်တွေက ကျမပါးပြင်ထက်မှာ အတားအဆီးမရှိ စီးဆင်းကျလာတယ်...

ဟုတ်ပါတယ်.....ငါကိုက အတ္တကြီးခဲ့မိတာပါ.....
ငါကိုက လိုတာထက်ပိုပြီး နင့်အပေါ် တင်းကြပ်ခဲ့မိတာပါ...

ငါပြောခဲ့တဲ့စကားကြောင့် ငါ့ကိုသေခွဲ ခွဲသွားတာများလား Sica ရယ်...

ပြန်လာခဲ့ပါဟာ...ငါမှားပါတယ် ငါ နင်မရှိပဲ အသက်မရှင်နိုင်လို့ပါ...

Fany:Yul ya...မငိုပါနဲ့တော့ဟာ
Sica လေး လဲနင်ပျော်နေတာကိုပဲ မြင်ချင်မှာပေါ့

Yuri:မဟုတ်ဘူး unnie...chaw..chaw.. sica မရှိဘဲ အသက်မရှင်နိုင်ဘူး

Fany:မဟုတ်သေးဘူးလေ Yul ya...ဟင်း... နင်ဒီလိုလုပ်နေလို့ မရဘူးလေ...နင်ဒီလိုဖြစ်နေ တော့ရော?...sica က ပြန်ရှင်လာမှာမို့လား?...ဟင်?

Yuri:.......

Fany:အရာအားလုံးကပြီးဆုံးသွားခဲ့ပြီ Yul ya နင်အခုရှေ့ဆက်ပြီးဘာလုပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားတော့...ဟုတ်ပြီလား...?

Yuri:.......

Fany:Ya!!!Kwon Yuri..နင့်မှာ မိသားစုရော company ရောကျန်သေးတယ်လေ သူတို့အတွက်ရောနင်မစဉ်းစားတော့ဘူးလား

Yuri POV

ဟုတ်ပါတယ် Fany unnie ပြောတာတွေက အမှန်တွေပါပဲ
ကျမမှာ မိသားစု နဲ့ ကျမကိုမှီခိုအားထားနေရတဲ့ companyရှိသေးတယ်လေ
ကျမ သူတို့အတွက်ပဲဖြစ်ဖြစ် ဆက်ကြိုးစားပြီး ရှင်သန်ရအုံးမှာပဲ...

Sica ya...ငါ့ကိုခွင့်မလွှတ်ပါနဲ့ ငါကခွင့်လွှတ်မှုနဲ့ မထိုက်တန်တဲ့သူပါ...
နောင်ဘဝဆိုတာရှိမယ်ဆိုရင် အဲ့ကျမှပဲ ငါ့အပြစ် တွေကျေအောင် ဆပ်ပါ့မယ်ဟာ...

Once Upon A TimeDonde viven las historias. Descúbrelo ahora