ညနေစောင်း အဝေးပြေးလမ်းမကြီးပေါ်တွင် အမဲရောင်ပြိုင်ကားလေးတစ်စီး အရှိန်ပြင်းပြင်းနဲ့ မောင်းလာတယ်...
ဦးတည်ရာမဲ့စွာ ရွေ့လျားနေတဲ့ ကားလေးပေါ်က ကောင်လေးတစ်ယောက်ကတော့ ဝမ်းနည်းနေပုံရတယ်လေ...
မျက်လုံးအိမ်မှာ မျက်ရည်လေးတွေက တွဲခိုနေပြီး ပါးပြင်မှာရှိတဲ့ မျက်ရည်စီးကြောင်းတွေက သူငိုကြွေးနေတာကို ဖော်ပြနေတယ်...
လမ်းအကွေ့တွင် တစ်ဖက်မှကုန်တင်ကားကြီးတစ်စီးက တစ်ခြားကားတစ်စီးကို ကျော်တက်ရင်း အရှိန်ပြင်းပြင်းနဲ့ မောင်းလာတယ်...
"ဒုန်း~~~~~"
အမဲရောင် ပြိုင်ကားလေးကတော့ တိုက်မိတဲ့အရှိန်ကြောင့် ကားတစ်စီးလုံး ပိန်ရှုံ့နေပြီး ကားပေါ်ကလူကတော့ လမ်းဘေးနားကို လွင့်စင်သွားခဲ့တယ်...
ခေါင်းကနေသွေးတွေစီးကြလာပြီးခဏအကြာမှာတော့ မျက်ခွံလေးတွေက တစ်ဖြည်းဖြည်းမှိတ်သွားခဲ့ပြီ နှုတ်ခမ်းထောင့်လေးမှာတော့ အပြုံးလေးတစ်ပွင့် ပေါ်လာခဲ့တယ်...
အဲ့အပြုံးလေးရဲ့ အဓိပ္ပါယ်ကိုတော့ သူကိုယ်တိုင်သာသိပါလိမ့်မယ်....~~~~~~~~ * ~~~~~~~~
အနော်က Running Man Fans ပါ...Vote တွေ comment တွေပေးရင် ကျေးဇူးတင်မိမှာပါ...
ပထမဆုံး Wattpat မှာရေးတဲ့ fic လေးလဲဖြစ်ပါတယ်....
#M_Y