ဥက္ကဌကြီး Yoo Suk Jin သည် SBS Entertainment ရဲ့ ဥက္ကဌတစ်ယောက်ဖြစ်သလို တစ်ခြားသော စီးပွားရေးလုပ်ငန်းများစွာ၏ ဦးဆောင်သူတစ်ယောက်လဲ ဖြစ်သည်။ သူ့တွင် Yoo Jae Suk၊ Yoo Jong Kook နဲ့ Yoo Kwang Soo ဆိုပြီး သား (၃) ယောက်ရှိသည်။
Yoo Jae Suk
Yoo ဥက္ကဌကြီးရဲ့ အကြီးဆုံးသားဖြစ်ပြီး အမေဆုံးပါးသွားပြီးတဲ့နောက် ညီ ၂ ယောက်ကို အမေလိုရော အဖေလိုပါ စောင့်ရှောက်နေသည်။ SBS Entertainment ရဲ့ CEO တစ်ယောက်လည်း ဖြစ်သလို Nation' MC ဆိုပြီးတော့လဲ လူသိများလေသည်။ အလုပ်လုပ်ရာတွင်လည်း တော်လွန်းတဲ့အတွက် ဥက္ကဌကြီး Yoo ရဲ့ ယုံကြည်မှု့ကိုခံရသည်။ အဖေ့အလုပ်တွေကိုလဲ ကူပြီးလုပ်ပေးကာ စကားပြောရတာ ဝါသနာပါတဲ့သူ့အတွက် MC ဆိုတဲ့အလုပ်ကိုပါ လုပ်နေတာဖြစ်သည်။Yoo Jong Kook
Suk Jin ရဲ့ ဒုတိယမြောက်သားဖြစ်ပြီး Turbo ဂိုဏ်းရဲ့ ခေါင်းဆောင်လဲဖြစ်သည်။ သူကတော့ သူ့အစ်ကိုနဲ့မတူပဲ၊ ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်ကာ အခုဆို Turbo ဂိုဏ်းဟာ သူတို့လောကမှာတော့ ဆရာတစ်ဆူပင်။ But Jong Kook က သူ့ကိုယ်သူ Kim Jong Kook ဆိုပြီး ဒုစရိုက်လောကတွင် ကျင်လည်လေသည်။ အဓိကကတော့ သူ့အဖေနဲ့ သူ့အစ်ကိုရဲ့ ပုံရိပ်တွေကို မထိခိုက်စေချင်လို့ပါ။ ဒါပေမယ့် သူနဲ့ရင်နှီးတဲ့သူတွေက သူ့ကို Yoo Jong Kook ဆိုပြီးသိကြပါတယ်။ အဖေကတော့ သူ့သားအလတ်ကို ဘားမှမပြောနိုင်ပါ။ Jong Kook ကစာလဲတော်တယ်။ အလုပ်ကိုလဲ တိတိကျကျလုပ်တတ်တာတွေ ရယ်ကြောင့် စိတ်ချတယ်။Yoo Kwang Soo
Yoo အိမ်ရဲ့ အငယ်ဆုံးလေးပေါ့။ အခုမှ အထက်တန်းတတိယနှစ်ပဲ ရှိသေးတယ်လေ။ အငယ်ဆုံးဆိုတဲ့အတိုင်း အဖေနဲ့ အစ်ကိုတွေအပေါ်ကို အမြဲချွဲနွဲနေတတ်တယ်လေ။ အဖေကလဲ သူငယ်ငယ်လေးနဲ့ အမေဆုံးသွားတာဆိုတော့ အမြဲသူ့အလိုကျ အကုန်လုပ်ပေးတယ်။ အစ်ကို ၂ ယောက်ကတော့ သူတို့ညီလေး မျက်နှာမညှိုးစေရဘူးလေ။ အကုန်အလိုလိုက်ထားတာ။ ဒါပေမဲ့ Kwang Soo က အစ်ကိုတွေအပေါ်ကိုလဲ အရမ်းသိတတ်ပြီး စာလဲကြိုးစားတဲ့ ကောင်လေးတစ်ယောက်ပါ။
~~~~~။~~~~~"~ဝှါး~"
ကွမ်ဆူ အိပ်ယာကနိုးပြီး သူ့ဖုန်းကို လှမ်းယူတယ်။ ဖုန်းတွင် "Today is Jae Suk Hyung Birthday" ဆိုပြီး Notification ပေါ်နေသည်။ အဲ့အခါမှ ထထိုင်ကာ
"Ah! Matha ဒီနေ့ Jae Suk Hyung မွေးနေ့ပဲ"
ကွမ်ဆူ အိပ်ယာထ ရေမိုးချိုး၊ ကျောင်းဝတ်စုံဝတ်ပြီး မနက်စာစားဖို့ အောက်ထပ်ကိုဆင်းလာသည်။ ထမင်းစားခန်းထဲဝင်တော့ ဂျုံကုက သတင်းစားဖတ်ရင်းနဲ့ မနက်စာစားနေသည်။
"Hyung, Good Morning"
ပြောပြီး Jong Kook ပါးကို kiss ပေးလိုက်သည်။
"အေး Kwang Soo Ya၊ ဘာပြောစရာရှိလို့လဲ မင်းမနက် စောစောစီးစီး ဒီလိုလုပ်နေတာ"
"Hyung ဒီနေ့ဘာနေ့လဲ မသိဘူးလား?"
Kwang Soo ပြောပြောဆိုဆိုနဲ့ Jong Kook စားပွဲရှေ့ကို ဝင်ထိုင်လိုက်သည်။
"မသိဘူးကွ ဒီနေ့က ဘာနေ့လဲ"
"Aishh!! ဒီ Hyung နဲ့တော့ တကယ်ပါပဲ ဒီနေ့ Jae Suk Hyung မွေးနေ့လေ။ Hyung မေ့နေတာလား"
"Ah! ဟုတ်သားပဲ၊ ငါဒီရက်တွေ အလုပ်နည်းနည်းများလို့ မေ့နေတာလေ"
"ကဲပါ ထားတော့။ Jae Suk Hyung ရော ကျွန်တော်တို့သူ့ကို မွေးနေ့ပွဲလုပ်ပေးရအောင်လေ"
"သူမရှိဘူးလေ။ အလုပ်ကိစ္စနဲ့ မနေ့ကတည်းက Japan ကိုသွားတယ်လေ။ ဒီနေ့ညနေမှ ပြန်ရောက်မှာ"
"ဟုတ်လား"
ကွမ်ဆူပြောရင်း မျက်နှာလေးညှိုးသွားသည်။ ဒါကို Jong Kook တွေ့တော့
"Kwang Soo Yah၊ Hyung တို့ဘသူပြန်လာမှပဲ Suprise ပါတီလေး လုပ်ပေးရင် မကောင်းဘူးလား"
အဲ့အခါမှ ကွမ်ဆူ မျက်နှာလေး ပြန်လင်းလာကာ
"အင်း၊ ဟုတ်တယ် Hyung ရ.. @@©©±±××÷÷©©"
Kwang Soo သူ့ရဲ့အစီအစဉ်ကို သူ့အစ်ကိုအား ရှင်းပြလိုက်လေသည်။
"Wow၊ မင်းအစီအစဉ်က အရမ်းကောင်းတယ်။ ငါ့ညီလေးက အရမ်းတော်တာပဲ"
"Nae Hyung၊ အာ့ဆို ကျွန်တော် ကျောင်းသွားတော့မယ်နော်။ ညနေကျမှ စောစောပြန်လာခဲ့မယ်။"
ကွမ်ဆူပြောပြီး ထမင်းစားခန်းထဲက ထွက်သွားလေသည်။ ပြီးတော့ သူ့ပြိုင်ကားလေးကို ခြံထဲက မောင်းထွက်သွားတော့သည်။
~~~~~*~~~~~
"ဟေ့ရောင်၊ မင်း ဒီနေ့ဘာဖြစ်လာတာလဲ။ တစ်ယောက်တည်း လမ်းလျှောက်ရင်းလဲ ပြုံးနေတယ်။ ပြီးတော့ မျက်နှာကလဲ မှိုရလာတဲ့ရုပ်နဲ့"
Kwang Soo အဆောင်ဘက်ကို လမ်းလျှောက်လာတုန်း Ha Ha ရဲ့လှမ်းမေးသံကိုကြားလိုက်ရသည်။ Ha Ha၊ Gary နဲ့ Ji Hyo တို့က Kwang Soo နဲ့တူတူ Running အထက်တန်းကျောင်းတွင် တက်နေကြသူများဖြစ်သည်။ အားလုံး တစ်ခန်းထဲတူတူဖစ်ကြပြီး Ha Ha နဲ့ Kwang Soo၊ Gary နဲ့ Ji Hyo တို့ကတော့ ဘေးချင်းကပ် ထိုင်ကြသည်။
"ငါ့ရုပ်က အဲ့လိုရုပ်ဖြစ်နေလို့လား?"
"အေးလေ... မင်းက တစ်ယောက်တည်း ထူးထူးဆန်းဆန်း ရယ်ပြီးလမ်းလျှောက်နေတာကို"
"အော် ဒါကဒီလို ဒီနေ့က Jae Suk Hyung မွေးနေ့လေ။ အဲ့ဒါ Jong Kook Hyung ရယ်၊ ငါရယ် @@®®±±××÷÷©©"
"Wow Daebak၊ မင်းတို့ ညီအစ်ကိုတွေကတော့ တကယ်ကိုလေးစားစရာပဲလေ။"
"အော် ဒါတော့ ငါတို့ ညီအစ်ကို ၂ ယောက်လုံးက Jae Suk Hyung ကို ချစ်လို့ပါကွ"
"အေးပါကွာ"
သူတို့ပြောရင်း အခန်းထဲဝင်လာကြသည်။ အခန်းထဲမှာတော့ Gary နဲ့ Ji Hyo ကရောက်နှင့်နေပြီ။ သူတို့တွေ စာသင်ချိန်တွေကို တူတူ စကားများကြရင်း စာသင်ကြလေသည်။
ထမင်းစားချိန်ပြီးတော့ Kwang Sooက အိမ်ကိုစောစော ပြန်သွားလေသည်။
~~~~~။~~~~~
Jae Suk ဒီနေ့က သူ့မွေးနေ့ဆိုတာကို မေ့နေလောက်အောင် အလုပ်တွေများနေလေသည်။ ညနေ လေယာဉ်က ကိုရီးယားလေဆိပ်ကို ဆင်းလာတော့ အနားယူဖို့ အိမ်ကိုပဲ တန်းပြန်လာခဲ့လေသည်။ခြံဝင်ထဲ ကားဝင်ဝင်ချင်း အိမ်ကြီးကို အမှောင်ချထားတာမြင်တော့ Jae Suk စိတ်တိုသွားသည်။
*ဟင်.. အိမ်ကြီးကို ဘယ်လိုဖြစ်ပြီး အမှောင်ချထားရတာလဲ။ အဒေါ်ကြီး ဘာတွေလုက်နေတာလဲ မသိဘူး*သူ့ကားကို အိမ်ရှေ့အဝင်ဝမှာရပ်လိုက်ပြီး စိတ်ပျက်စွာနဲ့ ကားပေါ်ကဆင်းလာသည်။ သူအိမ်ရှေ့အဝင်ဝမှာ ရပ်လိုက်တော့ သူခြေထောက် ချထားတဲ့နေရာကနေစပြီး မျက်ခင်းပြင်ကို သွားတဲ့လမ်းမှာ မီးလေးတွေ လင်းနေလေသည်။ အဲ့ဒါနဲ့ Jae Suk လဲ မီးရောင်လေးတွေနောက်ကို လိုက်လာမိသည်။
"Flush~~!!"
ရုတ်တရက် မီးတွေလင်းလာပြီး Jae Suk ရှေ့မှာတော့ ဖယောင်းတိုင်လေးတွေ စိုက်ထားတဲ့ ကိတ်မုန့်လေးတစ်လုံး၊ ဂစ်တာကိုင်ထားတဲ့ လူတစ်ယောက်နဲ့ ဘောလုံးလေးကို ကိုင်ထားတဲ့ နောက်လူတစ်ယောက်။ ပြီးတော့ "Happy Birthday Jae Suk Hyung" ဆိုတဲ့ စာတန်းလေးရယ်၊ Balloons လေးတွေရယ်နဲ့ အလှဆင်ထားလေသည်။
"Saengilchukhahapnida~~~
Saengilchukhahapnida~~~
Sarangehani Jae Suk Hyung
Saengilchukhahabnida~~~"Jong Kook နဲ့ Kwang Soo မွေးနေ့သီချင်းလေးဆိုအပြီးမှာတော့ ခုံပေါ်မှာတင်ထားတဲ့ မွေးနေ့ကိတ်လေးက ဖယောင်းတိုင်လေးကို မီးညှိပေးလိုက်သည်။
Jae Suk မျက်လုံးလေးမှိတ်ပြီး ဆုတောင်းကာ ဖယောင်းတိုင်မီးလေးကို မှုတ်လိုက်သည်။ ပြီးတော့ ကိတ်မုန့်ကိုခွဲပြီး သူ့ညီလေးကို ခွံကျွေးနေလေသည်။
Kwang Soo သူတို့ရဲ့ အမှတ်တရလေးတွေကို မှတ်တမ်းတင်ဖို့ Camera တစ်လုံးကိုင်ရင်း အလုပ်ရှုပ်နေသည်။ ရလာတဲ့ ပုံလေးတွေကိုလဲ Photo Book မှာကပ်ပြီး အဲ့ ဓာတ်ပုံလေးတွေကို ကြည့်ကာ ပျော်နေတော့သည်။
Jae Suk သူမေ့နေ့တဲ့ မွေးနေ့ကို သူအရမ်းချစ်ရတဲ့ ညီ ၂ ယောက်က Suprise လုပ်ပေးတဲ့အတွက် အရမ်းဝမ်းသား ကျေးဇူးတင်နေမိသည်။
Jae Suk ဆုတောင်းလိုက်သည်မှာ...
"အခုလို ကျွန်တော့်အသက်ထက်ပိုပြီး ချစ်ရတဲ့ ညီ ၂ ယောက်ကို ကျွန်တော့်ထံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ အခုလိုမျိုးပဲ ကျွန်တော်တို့ကြားမှာ အမြဲတမ်း အချစ်တွေတိုးအောင် လုပ်ပေးပါလို့..."*Jae Suk ရဲ့ဆုတောင်းတွေဟာ ကံကြမ္မာရဲ့ အချိုးအကွေ့တစ်ခုမှာ မပြည့်ခဲ့ဘူးဆိုရင်။ သူတို့ ၃ ယောက်ကြားက ညီအစ်ကိုဆိုတဲ့ သံယောဇဉ်ကို အဓိပ္ပါယ်ကောက် လွဲမှားခဲ့မယ်ဆိုရင်...*
~~~~~^_^~~~~~
အရေးအသားမကောင်းတဲ့အတွက် တောင်းပန်ပါတယ်နော်... M_Y ဒီ fic ကို Wattpat မှာလဲ update လုပ်ပါတယ်။ အားပေးကြတဲ့လူတွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ M_Y ၂ ရက်ခြားတစ်ခါ update လုပ်မယ်လို့ စဉ်းစားထားပါတယ်...
#M_Y