အပိုင်း (၃)

150 11 0
                                    

Jong Kook ဒီိနေ့တော့ တစ်ခုခုကိုသေချာတွေးနေပြီး သူ့ခေါင်းကို နောက်မှီတဲ့ထိုင်ခိုင်ပေါ်ကို မှီရင်းတွေးတောနေသည်။ အဲ့အချိန် Mikey အခန်းထဲကို ဝင်လာသည်။
MK - "Jong Kook၊ မင်းပြောတဲ့ ပစ္စည်းတွေတော့ရပြီ။ ဒါပေမယ့် ဝယ်သူက အန္တရာယ်ပေးနိုင်တဲ့လူနော်။ မင်းသတိကြီးကြီးထားတာ ကောင်းလိမ့်မယ်။"
JK - " အေး Mikey ရ၊ အဲ့ဒါကိုပဲငါကစိတ်ပူနေတာ။ သူကလဲ ငါ့ကို စိန်ခေါ်တဲ့ပုံစံမျိုးနဲ့ ပြောလာတာဆိုတော့ ငါလဲအလျှော့မပေးပဲ လက်ခံလိုက်တာ။"
MK - " အေးပါ။ ငါကစိတ်ပူလို့ပါ။"

Mikey ဆိုသည်မှာ Jong Kook နဲ့ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ သူငယ်တစ်ယောက်ဖြစ်သည်။ သူငယ်ချင်းလဲဟုတ်သလို Jong Kook ယုံကြည်အားကိုးရတဲ့ လက်ရုံးတစ်ယောက်လဲဖြစ်လေသည်။ Jong Kook၊ Mikey နဲ့ Kim Jung-nam ရယ်က သူတို့ကျောင်းသားဘဝ တကည်းက အတူတူတွဲလာကြတဲ့ သူငယ်ချင်းတွေဖြစ်ကြသည်။ တကယ်က ကျောင်းတွင် သူများတွေကို အနိုင်ကျင့်ဘက်၊ မိုက်ဖော် မိုက်ဘက်သူငယ်ချင်းတွေလေ။ အခုလဲ Jong Kook ကို Turbo ဂိုဏ်း စပြီးထောင်ချိန်ကတည်းက ကူညီပေးခဲ့ပြီး Jong Kook အခက်အခဲနဲ့ ရင်ဆိုင်ချိန်တွေမှာလဲ သူ့ဘေးနားမှာ သူတို့ ၂ ယောက်က အမြဲတမ်းရှိနေပေးခဲ့ကြသည်။

MK - " Jung-nam ကတော့ ငါတို့ အလဲအလှယ်လုပ်မဲ့ ပတ်ဝန်းကျင်နေရာကို တစ်ချက်သွားကြည့်တယ်။ ဟိုဘက်က ဘယ်လိုလာမလဲမသိတော့ ငါတို့က ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲလေကွာ။"
JK - "အေးပါကွ။ ဒါနဲ့ မင်းမနက်စာရော စားခဲ့ရဲ့လား။ လာကွာ ငါနဲ့တူတူစားကြရအောင်"
Mikey တစ်ယောက် Jong Kook အိမ်ကို အစောကြီးကတည်းကရောက်နေပြီး ဒီနေ့လုပ်မဲ့ အလဲအလှယ်အကြောင်း ဆွေးနွေးနေကြတာဖြစ်သည်။

Jong Kook နဲ့ Mikey ထမင်းစားခန်းထဲမှာ မနက်စာစားနေတုန်း Kwang Soo ကျောင်းဝတ်စုံအပြည့်နဲ့ သူ့အခန်းကဆင်းလာသည်။
KS - " Good Morning Jong Kook Hyung။ Mikey Hyung ပါရောက်နေတာလား။"
Mikey ရုတ်တရက်ထရပ်ကာ Kwang Soo ကို အရိုအသေပေးလိုက်ပြီး
MK - "Good Morning Kwang Soo"
KS - " Mikey Hyung ရာ အဲ့လိုတွေမလုပ်ပါနဲ့လို ကျွန်တော်ပြောတာ ဘယ်နှခါရှိနေပြီလဲ။ ကိုယ့်ညီလေးလိုပဲ သက်တောင့်သက်သာဆက်ဆံပါဆို။ အဲ့လို အစ်ကိုကျွန်တော့်ကို ထပ်လုပ်ရင် အစ်ကို ကျွန်တော့်ကို မခင်ဘူးလို့ပဲ သဘောထားလိုက်တော့မှာနော်။"
Mikey နဲ့ Jung-nam တို့က Jae Suk နဲ့ Kwang Soo တို့တွေနဲ့ ငယ်ငယ်လေးကတည်းက ရင်းနှီးနေပေမယ့်လဲ Jong Kook က သူတို့ခေါင်းဆောင်တစ်ယောက် ဖြစ်နေတဲ့အတွက် Kwang Soo နဲ့ Jae Suk ကို ရိုရိုသေသေဆက်ဆံနေခြင်း ဖြစ်သည်။
MK - "အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ ငါ့ညီရ~"
KS - " ဟေး~ ဒါမှ Mikey Hyung ကွ"

I SEE YOUWhere stories live. Discover now