Kwang Soo ဒီနေ့ကျောင်းဆင်းရင် အရင်နေ့တွေတုန်းကလိုပဲ အိမ်ပြန် ရေမိုးချိုး၊ အစ်ကိုတွေနဲ့ ညစာအတူတူစား၊ TV ကြည့်ပြီး စာလုပ်ပြီး အိပ်မယ်လို့ တွေးနေမှာအမှန်ပါ။
HH - " Bye~ Kwang Soo ရေ၊ မနက်ဖြန်မှ တွေ့ကြတာပေါ့။"
KS - " အေး~ Bye Ha Ha Ya~"Ha Ha နဲ့နှုတ်ဆက်ပြီးတော့ Kwang Soo သူ့ကားရှိတဲ့ဘက်ကို လမ်းလျှောက်လာခဲ့သည်။
ရုတ်တရက် ကားအမဲရောင်တစ်စီးရောက်လာပြီး ကားပေါ်က တစ်ကိုယ်လုံးအမဲရောင်ဝတ်ထားတဲ့ လူ ၃ ယောက်ဆင်းလာသည်။ ထို ၃ ယောက်ထဲက တစ်ယောက်က ကွမ်ဆူ မျက်နှာကို လက်ကိုင်ပုဝါနဲ့ အုပ်လိုက်ပြီး ခဏကြာတော့ ကွမ်ဆူမေ့သွားလေသည်။ ကျန်တဲ့လူနှစ်ယောက်က ကွမ်ဆူကို ကားပေါ်တင်ပြီး ထွက်သွားကြသည်။
အခု Running ကျောင်းဝန်းကြီးထဲမှာတော့ အမဲရောင်ပြိုင်ကားလေးက ပိုင်ရှင်မဲ့စွာ တစ်စီးတည်း ကျန်ရစ်ခဲ့လေသည်။
Kwang Soo POV
"အား~ကျွတ်~ကျွတ်"
ငါကျောင်းရှေ့မှာ မေ့လဲသွားတာမဟုတ်လား။ ပြီးတော့ ဒီနေရာကြီးက အိမ်နဲ့လဲမတူဘူး။ ငါအခု ဘယ်နေရာကိုရောက်နေတာလဲ။ ပြီးတော့ ငါ့ခန္ဓာကိုယ်က ဘယ်လိုဖြစ်လို့ လူတစ်ယောက်ယောက်က ငါ့ကိုရိုက်ထားသလို ခံစားနေရတာလဲ။Kwang Soo သူ့ခြေထောက်နဲ့ လက်တွေကို လှုပ်ဖို့လုပ်နေပေမယ့် သူ့ကိုကြိုးတုပ်ထားတာကြောင့် လှုပ်လို့မရ။ နားထင်နဲ့ နှုတ်ခမ်းထောင့်နေရာတွင်လဲ သွေးစို့နေတဲ့ ဒဏ်ရာတွေရှိနေလေသည်။ Kwang Soo သူရောက်နေတဲ့ အခန်းပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ညဘက်ရောက်နေပြီဖြစ်တဲ့အတွက် အလင်းရောင်ကောင်းကောင်းမရ။ အခန်းထဲရှိသော မီးလုံးရဲ့အလင်းရောင်ကိုသာမြင်ရသည်။ အခန်းပုံစံက ဂိုဒေါင်အဟောင်းတစ်ခုဖြစ်ပုံရလေသည်။ သူ့အရှေ့မှာတော့ ဗလတောင့်တောင့်နဲ့ ဦးလေးကြီး ၂ ယောက်က ဆေးလိပ်သောက်ရင်း စကားတွေပြောနေကြသည်။ သူသတိရလာတော့ ထို ၂ ယောက်ထဲက တစ်ယောက်က သူ့ကိုလက်ကိုင်ပုဝါနဲ့ လာအုပ်တဲ့အခါမှာတော့ တစ်ဖန်အမှောင်ကမ္ဘာသို့ ရောက်သွားလေသည်။
~~~~~*~~~~~Jong Kook ဒီနေ့မိုးလင်းကတည်းက နေလို့မကောင်း၊ စိတ်တွေလေးလံနေသည်။ ပြီးတော့လဲ မကောင်းတဲ့ကိစ္စတစ်ခုခု ဖြစ်မယ်လို့ ခံစားနေရသည်။
အခုလဲ ညဘက်မိုးချုပ်နေပြီကို Kwang Soo က အိမ်ပြန်မလာသေး။ Kwang Soo တစ်ယောက်စာမေးပွဲနီးနေ၍ Ha Ha၊ Gary၊ Ji Hyo တို့နဲ့တူတူ စာစုလုပ်နေကြသည်ဟု Jong Kook ထင်နေသည်။ ဒါပေမယ့်လဲ အခု ည ၁၀ နာရီကျော်တာတောင် Kwang Soo ရဲ့အရိပ်အရောင်ကိုမတွေ့သေးရ၍ Jong Kook စိတ်ပူလာသည်။ Kwang Soo တစ်ခါမှ အိမ်ကို ၁၀ နာရီထက်နောက်ကျပြီးပြန်တယ်ဆိုတာ မရှိခဲ့ဘူးလေ။ Jong Kook သူ့ညီဆီကိုဖုန်းလှမ်းဆက်သည်။ Kwang Soo ph က စက်ပိတ်ထားပါသည်ဆိုတဲ့အသံကြောင့် Jong Kook စိုးရိမ်စိတ်တွေပိုလာသည်။
