Kwang Soo ဘာစကားမှမပြောပဲ Jong Kook ဘေးကနေ အေးအေးဆေးဆေးလိုက်လာခဲ့သည်။ Jong Kook ခေါင်းထဲကအဖြေရှာမရတဲ့မေးခွန်းတွေကို သူ့ဘေးကလူကို မေးချင်ပေမယ့် တစ်ခြားမေးခွန်းကိုသာ ပြောင်းမေးမိသည်။
JK : "နာမည်က Lee Kwang Soo နော်။"
KS : "ဟုတ်ကဲ့...."
KS : "Jae Suk Hyung ဆီမှာ အလုပ်လုပ်ရတာ အဆင်ပြေလား။ သူက အရမ်းအလုပ်များတဲ့လူလေ။ အခုတောင် မလိုက်နိုင်တာကို ကြည့်တော့... "
KS : "ဟုတ်ကဲ့~ အဆင်ပြေပါတယ်။ သူကအရမ်းကို ဖော်ရွေတဲ့ လူပါ။"သူတို့ ၂ ယောက်ကြားမှာ တိတ်ဆိတ်မှု့က ပြန်လည်စိုးမိုးလာသည်။ Kwang Soo ကားပြတင်းပေါက်ကနေ ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ အရောင်အသွေးစုံတဲ့ ပန်းခင်းတွေနဲ့ စိမ်းစိုလှတဲ့ တောင်တန်းတွေကိုတွေ့ရသည်။
၂ နာရီကျော်ကြာ အဝေးပြေးလမ်းမကြီးကနေမောင်းလာပြီ တစ်နေရာအရောက်မှာတော့ ကားလေးက ခွဲထွက်နေတဲ့ လမ်းကြားလေးထဲကို မောင်းလာခဲ့သည်။ လမ်းဘေးမှာတော့ ထင်းရှူးပင်တွေက အစီအရီပေါက်နေသည်။
Kwang Soo ကားမှန်ကိုချလိုက်ပြီး သူ့ခေါင်းလေးကို တံခါဘက်ကိုတိုးကာ လေကောင်းလေသန့်ကို ရှူနေသည်။ ကျေးငှက်လေးတွေရဲ့အသံတွေက သူ့ကိုကြည်နူးမှု့ကို ဖြစ်စေသည်။
Jong Kook၊ Kwang Soo ကိုလှမ်းကြည့်ပြီး ပြုံးမိသည်။ သူသိတာပေါ့ Kwang Soo ဆိုတာ ဟိုးငယ်ငယ်ကတည်းက သူ့ကိုအမြဲ လယ်ကွင်းတွေ၊ တောင်တန်းတွေနဲ့ ပန်းခင်းတွေရှိတဲ့နေရာကို လိုက်ပို့ဖို့ ပူဆာခဲ့တဲ့သူမလား။ Kwang Soo တစ်ခုခုကြောင့် စိတ်ညစ်စရာ (သို့) စိတ်ရှုပ်စရာတွေရှိခဲ့ရင် သူအမြဲလိုက်ပို့နေကြလေ။
Jong Kook P.O.V >>> "Kwang Soo Yah! မင်းဘယ်လိုပဲပြောင်းလဲပြောင်းလဲ မင်းရဲ့ဒီအကျင့်ကိုတော့ မင်းဖျောက်လို့ရမှာ မဟုတ်ပါဘူး။ မင်း Hyungs တို့ကို ခွင့်မလွှတ်တာလား။ ကျေးဇူးပြုပြီး ငါတို့ညီလေးအဖြစ်ပြန်လာခဲ့ပေးပါကွာ။ ငါမင်းကို မြင်နေရတယ် Kwang Soo Yah!"
Kwang Soo သူကားပေါ်ရောက်နေတယ်ဆိုတာကိုတောင်မေ့ပြီး သဘာဝရဲ့ အလှတရားတွေကို ခံစားနေလေသည်။ သူဒီလိုနေရာမျိုးကို မရောက်တာကြာပြီလေ။ မျက်နှာကိုတိုက်ခတ်လာတဲ့ ဆလနုအေးအေးလေးတွေ၊ သစ်ရွက်ခြောက်လေးတွေကြွေကြနေတဲ့လမ်းလေး၊ ငှက်ကလေးတွေရဲ့ အသံလေးတွေ.... Kwang Soo သူကောင်းကင်ဘုံ ရောက်နေသလားတောင် ခံစားနေရသည်။
