နောက်တနေ့ Sehunအိပ်ယာကနိုးနိုးခြင်း ပထမဆုံးလုပ်မိတဲ့အရာက သူ့နှုတ်ခမ်းကို လက်နဲ့ထိတွေ့ထားမိခြင်းဖစ်သည်။
တကယ် မယုံနိုင်စရာ အိမ်မက်လိုပဲ...။
Luhan hyungက... သူ့ကို... တကယ်ပဲ... နမ်းခဲ့တာလား~
Sehun တိမ်ပေါ်လမ်းလျှောက်နေရသလို ခံစားရပီး အားရပါးရပြုံးနေမိတယ်။
ဒါပေမဲ့ ဘာအဓိပ္ပါယ်နဲ့လဲ!?
Hyungက ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ သူ့ကိုအနမ်းပေးမှာမို့လို့လဲ!?
မနေ့သောက်မိကြတဲ့ ဝိုင်အပျော့စားကြောင့်ပဲ နေမှာပေါ့
( တကယ်က အချိုရည်သာသာလောက်သာရှိတယ်ဆိုပေမဲ့လို့)ထိုအတွေးလေးနဲ့တင် Sehunရဲ့မျက်နှာပေါ်က အပြုံးလေးတေ ချက်ချင်းပျောက်ကွယ်သွားရသည်။
ခပ်တိုးတိုးသက်ပြင်းချလိုက်ရင်း စိတ်မပါလက်မပါနဲ့ပဲ အိပ်ယာကထလာရသည်။မနက်စာဟာ အရသာကင်းမဲ့နေတယ်... မနေ့ထိတွေ့ခွင့်ရခဲ့တဲ့ နှုတ်ခမ်းပါးတခုနဲ့ ယှဉ်ရင်...
နွားနို့ခွက်ကိုလက်ထဲမှာ ကိုင်ထားရင်း အတွေးတခုက ရောက်ရှိလာတယ်။
အရုပ်ဆိုင်လေးတေက စနေနေ့မှာပိတ်ကြတယ်ဆိုပေမဲ့ တခါတလေ (ဥပမာ Christmasပွဲနီးရင်ဖစ်ဖစ်) ဖွင့်တတ်ကြတယ်လေ။
~~~~~~ ****** ~~~~~~
သံလိုက်ရဲ့ဆွဲငင်အားတခုလိုပဲ Sehunဟာ မြို့ထဲကအရုပ်ဆိုင်လေးဆီသို့ ထွက်လာမိခဲ့တယ်။
ူသူ Hyungကိုတွေ့ချင်တယ်...စကားပြောချင်တယ်... ဒါပေမဲ့ အရုပ်ဆိုင်လေးသာမဖွင့်ဘူးဆိုရင်...
သူသာ hyungကိုတွေ့ခွင့်မရဘူးဆိုရင်.... ထိုအတွေးလေးနဲ့တင် Sehun နောက်ထပ်ရှက်သွားရပြန်တယ်။~~~~~~ ****** ~~~~~~
အိစိအိစိ လှုပ်တုပ် လှုပ်တုပ်လေးနဲ့ ဆိုင်ကိုလာနေတဲ့ အသည်းယားဖွယ်လူသားလေးကိုတွေ့တော့ Luhan ကိုယ့်ကိုယ်ကိုအပစ်ရှိသလို ခံစားရလိုက်ရသည်။
ကောင်လေး စိတ်ဆိုးသွားမယ်ထင်တယ်... မဟုတ်ရင်တောင် ဝမ်းနည်းသွားမယ်ထင်တယ်...
Luhan သူ့နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ရင်း စိတ်မထိန်းထားနိုင်တဲ့ကိုယ့်ကိုယ်ကို အပစ်တင်မိသည်။