ဆိုင်ထဲကနေ ထွက်ပြေးသွားတဲ့ကောင်လေးနောက်ကို Luhan ချက်ချင်းပြေးလိုက်ခဲ့ပါတယ်။
နာမည်အော်ခေါ်ကာ လိုက်ပေမဲ့ ကောင်လေးကိုမမှီလိုက်ဘူးရယ်။
* Sigh *
Luhan သက်ပြင်းချလိုက်ကာ စိတ်ပျက်လက်ပျက်နဲ့ ဆိုင်ကိုပြန်လာခဲ့တယ်။
ဆိုင်ထဲက ကောင်မလေးကို ကြိုးစားပြုံးပြပီး သူလိုချင်တာကို ဆောင်ရွက်ပေးလိုက်တယ်။ကောင်မလေးဆိုင်ထဲကထွက်သွားတဲ့အချိန်မှာ Luhan ခုံပေါ်ပုံလျက်သားပြိုကျသွားရသည်။
သူ, Sehunနောက်ကိုပြေးလိုက်ချင်ခဲ့တာ .... ဒါပေမဲ့ ~
Luhan သူ့ဘဝမှာပထမဆုံးအကြိမ်အဖစ် သူ့အလုပ်ကို စိတ်ပျက်မိသည်။
လက်ကနာရီကိုကြည့်မိတော့ အခုမှနေ့လည်ပဲရှိသေးတယ်။
ဆိုင်ပိတ်ဖို့ဆိုတာကလည်း အရမ်းစောလွန်းနေတယ်။ဒါပေမဲ့ ...
Luhan လေပူတေမှုတ်ထုတ်လိုက်ပီး ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။
ပီးတော့ ခပ်သွတ်သွတ်ပဲ ဆိုင်ကို ^^ Closed ^^ ဆိုတဲ့ ဆိုင်းဘုတ်လေးချိတ်ကာ ဆိုင်ပိတ်ဖို့ကြိုးစားလိုက်တယ်။~~~~~ ***** ~~~~~
Luhan, Sehunတို့အိမ်ကိုသွားနိုင်မဲ့ အမြန်ဆုံးလမ်းကိုရွေးပီး အလျင်အမြန်လာခဲ့တယ်။
အိမ်ရှေ့ကဘဲလ်ကိုနိုပ်လိုက်တော့ ပိန်ပိန်သွယ်သွယ်အမျိုးသမီးကြီးတယောက်က ပြုံးလျက်တံခါးဖွင့်ပေးတယ်။
" ဘာကိစ္စများလဲကွဲ့~! "
အန်တီကြီးက ပြုံးပီးမေးတာကြောင့် Luhanလည်းပြန်ပြုံးပြလိုက်ကာ ခေါင်းညွှန့်နှုတ်ဆက်လိုက်ပီး
" Annyeonhasayo~ Sehunရဲ့ သူငယ်ချင်းပါ... သူ အိမ်မှာရှိလားမသိဘူးခမျ~!? "
" သား ခုနလေးတင် အိမ်ပြန်ရောက်တာ "
သြော်~ Sehunရဲ့အမေပဲ~
Sehunရဲ့အမေက ပြောပီး သူ့ကိုမျက်လုံးကျဉ်းလေးတေနဲ့ကြည့်ကာ
" သားရဲ့သူငယ်ချင်း... Luhanဆိုတာလား? "
အဲ... Sehunက သူ့အကြောင်းအိမ်ကိုပြောပြထားတယ်ပေါ့~