အဟမ်း😁😁
Warning 😌😌 : There will include some adult scence in this part
~~~~~ ***** ~~~~~
Aprilလလယ်၏ ခပ်နွေးနွေးနေရောင်ခြည်အောက်က တစ်ခုသောစနေနေ့ နေ့လည် ....။
" မေမေ... အိမ်မှာ မရှိဘူး... "
အိမ်တံခါးဖွင့်ပေးရင်းပြောနေတဲ့ Sehunရဲ့လေသံတိုးတိုးလေးနဲ့အတူ အောက်ဘက်တစ်နေရာကိုအကြည့်လွှဲနေတဲ့ နီရဲရဲပါးပြင်ပိုင်ရှင်လေးကိုကြည့်ကာ Luhanပြုံးလိုက်ပီး ခေါင်းညိမ့်ပြလိုက်သည်။
" ဟုတ်လား~ "
Luhanက ဘာမှမထူးဆန်းသလိုပုံစံမျိုးနှင့်ပြောလိုက်သော်လည်း Sehunဘာတွေးနေမှန်းLuhanသိပါသည်။
Sehun ဘာအကြောင်းကိုတွေးနေမှန်းလည်း Luhanသိ၏။
ဘာတွေဆက်ဖစ်လာမလဲဆိုတာလည်း Luhanအတိအကျသိပါသည်။ဒါပေမဲ့ Luhanဘာမှမပြောဘဲ အိမ်ထဲသို့ဝင်လိုက်သည်။
တိတ်ဆိတ်နေတဲ့အိမ်ထဲ Sehunရဲ့လည်ချောင်းရှင်းသံလေးထွက်လာ၏။" Em... အပေါ်ထပ်သွားရအောင်... "
ဖိနပ်လဲစီးကာ အပေါ်ထပ်တက်သွားတဲ့ဆံပင်ပန်းရောင်လေးနဲ့ကောင်လေးနောက်သို့ Sehunလည်းလိုက်လာခဲ့သည်။
Luhanရဲ့လေသံက နည်းနည်းတော့ထူးဆန်းနေသလို ခံစားရသည်။
အဖြူရောင်နံရံနှင့်အတူ တက်လာလိုက်သော လှေကားထစ် တစ်ထစ်တိုင်း တစ်ထစ်တိုင်းမှာ သူတို့၏ခြေသံတို့နှင့်သာ ဖုံးလွှမ်းနေ၏။ကြားနေကျ အခန်းတံခါးကိုဆွဲဖွင့်လိုက်သည့်အသံသည် Sehunအား ခံတွင်းခြောက်ကပ်စေသည်။
ကောင်လေးသည် တံတွေးအားခက်ခက်ခဲခဲမြိုချလိုက်မိသည်။အခန်းထဲသို့ရှေ့မှဦးဆောင်ဝင်သွားသောLuhanသည် တစ်ဝက်ပွင့်နေသည့် ပြတင်းပေါက်နားသို့တိုးသွားကာ ပိတ်လိုက်သည်။
" Em... ပူ... ပူသလိုပဲနော်... ဒီနေရာက.... "
ခပ်တုန်တုန်ထွက်လာသည့်ကောင်လေးရဲ့အသံသည် ခပ်တိုးတိုးဖစ်သကဲ့သို့ Luhanကိုလည်း မရဲတရဲကြည့်နေလေသည်။