ထို့ရက်မှစ၍ နောက်ပိုင်း Sehunသည် ကျောင်းဆင်းတဲ့အချိန်တိုင်း Luhanထံသို့နေ့တိုင်းလာလေ့ရှိတာမို့ Luhanပျော်ရွှင်ရသည်။
Sehunမရောက်လာခင်က Luhanမှာလုပ်စရာအလုပ်ဟူ၍ cashierနားမှာ ပျင်းရိဖွယ် မတ်ရပ်နေရုံကလွဲမရှိတာကိုး~
Sehunကတော့ Luhanကိုဒီတိုင်းလေးကြည့်နေရတာကိုပင် သဘောကျသည်။
ဆံပင်ပန်းရောင်ဖျော့လေးနဲ့ သူ့ကိုအမြဲပြုံးပြတတ်တဲ့အပြုံးလှလှလေးနဲ့ Hyungဟာ ထွေးပွေ့ချင်စရာကောင်းတဲ့အမွှေးပွရုပ်ကလေးလိုပင်~
ဒါပေမဲ့....
တဖြေးဖြေးနဲ့...
Luhanဟာ Sehunကိုတဖြေးဖြေးပုံသွင်းနေတာ တဆင့်ပီးတဆင့် တခုပီးတခုအောင်မြင်သည်ဟုပြောနိုင်သည်။
ဥပမာပြောရလျှင် Sehunဟာ ဆိုင်ထဲဝင်ဝင်ခြင်းLuhanကို ချစ်စရာကောင်းအောင်ပြုံးပြပီး နှုတ်ဆက်တတ်နေပီ~ ခဏလောက်ဖစ်ဖစ် Sehunရဲ့လက်ဖဝါးနွေးနွေးလေးကို ဆုပ်ကိုင်ခွင့်ရနေပီ~
ဒီလိုနဲ့ ရက်သတ္တပတ်သုံးပတ်ကိုကျော်လွန်လာတဲ့အချိန်မှာတော့ Luhanဟာ လူအနည်းငယ်ရှေ့မှာပင် Sehunရဲ့နှုတ်ခမ်းလေးကို ခပ်ဖွဖွနမ်းခွင့်ပင်ရနေပ။ီ😌
ကောင်လေးကတော့ မျက်နှာရဲရဲလေးနဲ့ရှက်ပေမဲ့ Luhanကိုငြင်းတော့မငြင်းဆန်တော့ပေ။~~~~~*****~~~~~
Sehunကတော့ Pecoလေးကို သူအပြင်ထွက်တိုင်း နေရာတိုင်းကိုခေါ်သွားလေ့ရှိတတ်သေးတာကို Luhanကတော့မသိသေး။
တရက်မှာတော့ သူတို့နှစ်ယောက်ရုပ်ရှင်သွားကြည့်ကြသည်။
ရုပ်ရှင်ကြည့်နေရင်း Sehunကထုံးစံအတိုင်း အိတ်ကပ်ထဲကယုန်ရုပ်လေးကို ဖျစ်ညစ်နေမိပြန်သည်။" ဘာလုပ်နေတာလဲ!? "
Luhanကပြောရင်း ငုံ့ကြည့်လိုက်တော့
" ဘာ...ဘာမှ မဟုတ်ပါဘူး~ "
Sehunက အထစ်ထစ်အငေါ့ငေါ့ပြောရင်း ယုန်ကလေးကိုဖွတ်ဖို့ ကြိုးစားလိုက်တယ်။