Section Six

2.6K 273 39
                                    

အရုပ်ဆိုင်လေးဆီသွားရမဲ့အချိန်~ တစ်နာရီအလိုလောက်...

Sehun ဝမ်းဗိုက်ဆီမှနာကျင်မှုခံစားလာရသည်...။
အသက်ရှုနှုန်းလညိးပုံမှန်ထက်မြန်လာနေသည်...။

Sehun သိတာပေါ့... သူဘာဖစ်နေတာလဲဆိုတာ...

ကျောင်းမှာ (နည်းနည်း)အရေးကြီးတဲ့သင်္ချာtutorialဖြေရတဲ့နေ့တေ....
အိမ်မှာမိသားစုစုံလင်တဲ့အခါ တမိသားစုလုံးရှေ့မှာ သူ pianoတီးခတ်ပြရတဲ့နေ့တေမှာဆို Sehun အမြဲ ဒီလိုဖစ်တတ်လေ့ရှိသည်။

ဒါကလည်း သူစိတ်လှုပ်ရှားလွန်းတာကြောင့် ဖစ်လေ့ရှိတဲ့သဘောပါပဲ~~

သူ့ရှပ်အင်္ကျီအောက်ကအသိပေးလာတော့ Sehunနာရီကိုကြည့်လိုက်တော့ ခြောက်နာရီထိုးဖို့မိနစ်နှစ်ဆယ်သာသာလောက်သာလိုတော့သည်။ သူ အခုထိဘာမှလည်းမပြင်ဆင်ရသေးဘူး!!

Sehun ခပ်မြန်မြန်ပဲ အဝတ်ဗီဒိုထဲကရိုးရိုးရှင်းရှင်းရှပ်အကျီင်္လေးရယ်... သူအကြိုက်ဆုံး jean panလေးကိုခပ်မြန်မြန် ကောက်ဝတ်လိုက်တယ်။
(သေချာပေါက် pecoလေးကိုတော့မမေ့မလျော့ ကုတ်အကျီင်္အိတ်ကပ်ထဲထည့်ပီးသားပေါ့)

နာရီကိုထပ်ကြည့်လိုက်တော့ နာရီဝက်လောက်ပဲလိုတော့တယ်။

တကယ်တော့ ဆယ်မိနစ်လောက်နဲ့တင် အရုပ်ဆိုင်လေးကိုSehunရောက်နိုင်ပါသည်။

ဒါပေမဲ့ Sehun သူ့အခန်းထဲစိတ်မချသလိုနေရာပေါင်းစုံလိုက်ကြည့်လျက် အတွေးများနေလျက်ရှိသည်။

တကယ်လို့ သူမေ့ကျန်ခဲ့တာရှိရင် သူအိမ်ကိုပြန်ပြေးလာယူရမှာပေါ့!?

တကယ်လို့ သွားနေရင်း သူခြေခေါက်သွားရင်ရော...!?

တကယ်လို့ မြို့ထဲမှာကြောက်စရာကောင်းတဲ့accidentတခုခုဖစ်နေရင်ရော...!?

တကယ်လို့ သွားနေရင်း သူ့အပေါ်ကိုဥက္ကာခဲကြီးကျလာရင် ဘယ်လိုလုပ်မလဲ...!?

တကယ်လို့ သူ့ကို ဂြိုလ်သားတေပြန်ပေးဆွဲသွားရင်.....!!

တကယ်လို့များ.....!!

* sigh*

သူ နောက်ကျတော့မှာပဲ။

Sehun ခေါင်းထဲရောက်နေတဲ့အတွေးတေကိုမောင်းထုတ်လိုက်ပီး coatအကျီင်္နဲ့မာဖလာကိုယူပီး အိမ်ကခပ်သွတ်သွတ်ထွက်လာခဲ့တယ်။

PeterPan [HunHan]Donde viven las historias. Descúbrelo ahora