အရိပ်စစ်
* အရိပ် *
လူတယောက်၏ အရိပ် သည် တနေ့မှာ တခါတော့ ထပ်တူ ကြကြစမြဲ။
အဲ့သည်လိုပဲ ကျွန်မ နှင့် ကျွန်မချစ်ရတဲ့သူ
တနေ့နေ့ တချိန်ချိန်မှာတော့ ထပ်တူညီတဲ့ အချစ်တွေနဲ့ ချစ်ရဖို့ က ကျွန်မ၏ အိမ်မက် မျှော်လင့်ချက်တခုသာ ဖြစ်လို့လာခဲ့သည်။***************************************
* ကို *
မြတ်နိုးစွာဖြင့် ကျွန်မ၏ နှုတ်ခမ်းဖျားမှ အသံမထွက်ရပါပဲ အမြဲတမ်း ရွတ်ဆို နေမိတတ်သော စကားလုံးတစ်လုံး~~~
နေ့ရက်ပေါင်း ၂၀၀ကျော် ကြာ *ကို့*့ အနားမှာ အနီးကပ်နေခွင့်
ရခဲ့ပေမဲ့လည်း သာမာန်လက်ထောက် Designer ဘဝကနေ ဆက်လက်ပြီး တက်လှမ်းခွင့်မရနိုင်သည့် သာမာန် မိန်းခလေးတယောက်ဆိုတာကို
ကျွန်မ အလိုလိုသိနားလည်ခဲ့ပါသည်။ဒါပေမဲ့ * ကို * ရယ်
ကျွန်မ လဲ နှလုံးသား ရှိတဲ့လူသားတယောက်ဆိုတော့ ကျွန်မ နှလုံးသားကို ဖုံးကွယ်ထားလို့မရဘူးဖြစ်နေပြန်၏။ဘယ်လောက်ထိ * ကို့ * ကို ချစ်လဲဆိုတာ ကျွန်မ စီးနှင်းလာတဲ့ လေယာဉ်ကြီးရယ် ဖြတ်ကျော်လာခဲ့တဲ့ ရေမြေတောတောင် မိုင်ပေါင်းထောင်သောင်းချီ ကွာဝေးမှုတွေက အဓိက သက်သေတွေပါ။
ဆယ်ကျော်သက် အရွယ်ကထဲက ကြိုက်နှစ်သက်တာထက် ပိုပြီး ချစ်မြတ်နိုးတယ်ဆိုတာကို * ကို * တို့အဖွဲ့ စတင်ပြီး debut လုပ်လာတဲ့ 2012 ဆိုတဲ့ ကျွန်မအတွက်ကံကောင်းခြင်းနှစ်တွေ ကထဲ က တွေ့ရှိခဲ့တာပါ * ကို *
ထိုစဉ်ကထဲက ရူးမိုက်စွာဖြင့် * ကို့ * အနား တနေ့အရောက်လာနိုင့်ဖို့ရာ ကျွန်မရဲ့ ပျော်ရွှင်စရာတက္ကသိုလ် ကျောင်းသားဘဝ မှာတောင် ပျော်ရွှင်စရာတွေထက် လေ့လာသင်ယူနေတဲ့ design ဘာသာ ရပ်တွေ ကိုသာ ထူးချွန်သထက် ထူးချွန်အောင် နေထိုင်ခဲ့ဖြစ်တာ
* ကို့ * ဆိုတဲ့ ဖြစ်တည်မှုအကြောင်းကြောင့်ဆိုတာကိုသိစေချင်မိသည်။အဲ့ဒါတွေရဲ့ အရင်းခံအချက် တွေကတော့
* ကို့ * အနားမှာ * အရိပ် * လို အမြဲလိုက်ကပ်ပြီးနေထိုင်ချင်လွန်းလို့ ပါပဲ
* ကို *မျှော်လင့်ခွင့်မရှိပေမဲ့
မျှော်လင့်ပါရစေ * ကို *တနေ့မှာတော့ အရိပ် ၂ခု ထပ်တူ ကြပါရစေလို့လေ။
လျှမ်းလျှမ်းတောက်အောင်မြင်ကျော်
ကြားနေတဲ့ * ကို့ * ရဲ့ ဘဝလေးကို အမှောင်ဖုံးလွှမ်းစေမဲ့ အရိပ်ဆိုးတခု အဖြစ်တော့ ကျွန်မ ဘယ်သောအခါမှ မဖြစ်ပါရစေနဲ့ လို့တော့ အမြဲဆုတောင်းမိ၏။ဤ အကောင်း အဆုံးဒွန်တွဲနေတဲ့ဆုတောင်းတွေကိုတော့ ကျွန်မ နေ့စဉ်နှင့်အမျှ ဘုရားရှင် ထံပါးမှာ တောင်းဆုခြွေမိသည်။
အနှောင့်ယှက်ဖြစ်စေတဲ့
စိတ်ဖိစီးမှုတွေနဲ့ စိတ်ညစ်စရာ ကိစ္စတွေ ပူလောင်တဲ့ အချိန်အခါတွေတိုင်း
အေးချမ်းစွာ ခိုလှုံနိုင်မဲ့ * အရိပ်စစ် *
တခုသာ ဖြစ်ခွင့်ရရပါစေ။ကျွန်မသာ ပူလောင်မှုဒဏ်နဲ့ စိတ်သောကတွေကိုသာ ခံယူပါရစေ။
ကျွန်မ ချစ်မြတ်နိုးရတဲ့ * ကို့ * ကိုတော့ အေးမြတဲ့ အရိပ်စစ်အောက်မှာပဲ အေးဆေးစွာအနားယူစေချင်မိသည်။
အရမ်းချစ်တယ် * ကို *
***************************************
TO BE CONTINUED~~~
Meigeni တွေရဲ့ အေးမြတဲ့ အရိပ်စစ်အောက်မှာ အေးချမ်းစွာအောင်မြင်မှုများစွာကို ပိုင်ဆိုင်နိုင်ပါစေ Wu Yi Fan Ge.
Wo^Aie^Nie^
Xie^Xie^Ni^P.S - Meigeni တယောက်၏ ခံစားချက်ဖြင့် ရေးသားထားပါသည်။
Saranghae All My Reader.
Gomasamitha All My Reader.
90°bow.
By-Stephnie Hay
YOU ARE READING
*အရိပ်စစ်*
Romanceလောကဓံ၏ ပူလောင်မှုတွေနဲ့စိတ်ညစ်စရာ စိတ်ဖိစီးမှုတွေ ကြုံလာလေတိုင်း အေးမြတဲ့ *အရိပ်စစ်*အောက်မှာ ခိုလှုံ့နိုင်ပါစေ *ကို* Kris×OC { Idol & Fangirl }