အပိုင်း(၁၀)*နှင်းမှုန်များကြားမှ ရင်ခုန်သံမြန်ခြင်း*

80 8 0
                                    

                             အရိပ်စစ်





တနေ့တာ  ပင်ပန်းခဲ့ရသမျှကိုအနားယူဖို့ရာ
ကျွန်မသည်
SM's Ent: ကပေးထားသော  ဝန်ထမ်းအိမ်ရာဆီသို့

မနက်က ရခဲ့သော  လက်ဆောင် ပစ္စည်းများကို ထည့်ထားသည့် အိတ်ကို သယ်ကာ  မဝေးလှသော  ခရီးမို့  တယောက်ထဲ  လမ်းလျောက်ပြန်ခဲ့သည်။

Min Yong Unnie ကတော့  သူမ၏ မိဘအိမ်ကို ခဏ ပြန်သွားတာကြောင့်  ဒီနေ့ညတော့ ကျွန်မ တယောက်ထဲ ပျင်းနေရော့တော့မည်။

နှင်းများဖုံးလွှမ်းနေသည့်
အပြန်လမ်း တလျောက်ကို လှမ်းလာရင်း ကျွန်မသည်လဲ ဟို အရင် MinYoung unnie နှင့်စသိခဲ့သည့် 
လွန်ခဲ့သော  ၅နှစ်ခန့်ဆီသို့~~~~~~

***************************************

Min Yong Unnie ကို ကျွန်မ အစ်မရင်း တယောက်လိုချစ်သည်။

သူမကြောင့်လဲ  ကျွန်မ ဒီလောကထဲကို ဝင်ရောက်နိုင်ခဲ့တာပါ။

လူမှုကွန်ရက်တွင်   စတင်ခင်မင်ခဲ့ရတဲ့  Unnie သည် ကျွန်မ ဘဝ ၏ ကျေးဇူးရှင်ဆိုလဲ မမှားနိုင်။

တက္ကသိုလ် ကျောင်းသူ ဘဝ ကထဲ က ခင်မင်ခဲ့ရသော  လူမျိုးခြား  ညီအစ်မ ၂ယောက်

ဝါသနာတူ ရည်မှန်းချက်ခြင်းပါ 
တူနေတာကို  သိခဲ့ရပြီး နောက်ပိုင်း  ကျွန်မကို  တောင်ကိုရီးယားနိုင်ငံသို့ လာရန် ဖိတ်ခေါ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင်  ကျွန်မ ဘွဲ့ရပြီး နောက်ပိုင်း

ကျွန်မအသက် ၂၂နှစ်အရွယ်တွင် 
အမြဲ သွားနေချင်ခဲ့မိသည့်  တောင်ကိုရီးယား ဟု အမည်တွင်သည့်  ကြယ်ပွင့်များ လင်းလက်တောက်ပရာ နိုင်ငံဆီသို့  အရဲစွန့်ထွက်လာခဲ့ခြင်းပင်။

Min Yong Unnie ၏ ဖြူစင်သော စိတ်ထားနှင့်  ဖော်ရွှေသော သူမ၏ မိသားစုများကြောင့်  သူမရဲ့  အိမ်တွင်နေပြီး  သူမနှင့် အတူတူ  သင်တန်းများကို တခုပြီး တခုတက်ခဲ့ကြတာ ကျွန်မ အသက် ၂၄ နှစ်ပြည့်တဲ့ အထိ ပါပဲ ။

ကံကောင်းခြင်းက  ကျွန်မတို့ ၂ယောက်အပေါ်ကျရောက်လာတော့

ပထမဆုံး အလုပ်လျောက်ခဲ့သော ကျွန်မတို့၏ အိမ်မက်ရှိရာ  SM Ent တွင်ပင် အလုပ်တန်းရခဲ့သည်။

*အရိပ်စစ်*Where stories live. Discover now