အပိုင်း(၆)*ကံကောင်းမှုများ စတင်လာခြင်း*

115 11 0
                                    

                           အရိပ်စစ်




အလွန်တရာ ရှားပါးလှသော အားလပ်ရက်ကို ယခုလိုမျိုး ဂျယ်ဂျူ ကျွန်းသို့ ခရီးထွက်ဖူးဖြစ်တော့မှပဲ
ဘာလို့ တောင်ကိုရီးယားနိုင်ငံသားတွေ ဂျယ်ဂျူ မှ ဂျယ်ဂျူ ဖြစ်နေလဲ ဆိုတာကို
ဂဂနန သိပေတော့သည်။

" wo အရမ်းလှတာပဲ unnie ရေ
ကေ တော့ ပြန်တောင်မပြန်ချင်တော့ဘူး "

" အဲ့လိုတော့ မလုပ်ပါနဲ့ saeng ရယ်
unnie တို့အဖွဲ့မှာ တယောက် မရှိရင် အဆင်မပြေဘူးဆိုတာ သိတယ်မလား စိတ်လျော့  ………  စိတ်လျော့  "

" hee…nae nae unnie"

" ကဲ အားလုံးပဲ ကိုယ့်အခန်းကိုယ်ယူပြီး အနားယူလိုက်ကြအုံးနော်
ညနေမှ EXODUS အပန်းဖြေ စံအိမ်မှာ ဆုံကြမယ် "

Ms.Kwon ၏ စီစဉ်ညွှန်ကြားမှုများပြီးစီးပြီးသည့်
နောက်တွင်တော့…………
ကျွန်မတို့ Staff တစု သည်လဲ သတ်မှတ်ပေးထားသော အခန်းများစီသို့ ကိုယ်စီကိုယ်စီ လျှောက်လှမ်းကာ
ခေတ္တမျှအနားယူဖြစ်ကြလေတော့သည်။

* ကို * တို့အဖွဲ့နှင့် အခြားသော idol များသည်လဲ EXODUS အပန်းဖြေစံအိမ်တွင် အနားယူရန် ထွက်ခွာသွားပေ၏။

***************************************

ရတောင့်ရခဲသော အားလပ်ချိန်လေးကို အကျိုးရှိရှိ အသုံးချရန် ကျွန်မတယောက်ထဲ ကမ်းခြေဖက်သို့ ဆင်းလာခဲ့မိသည်။

ကြည်လင် ပြာလဲ့နေသော ရေပြင်ကိုကြည့်ပြီး ရေကစားချင်စိတ်ကို သည်းခံနေရသလို……………………………

တယောက်ထဲ ဖြစ်နေသည်က တကြောင်းရယ်
ရပ်ဝေး ဒေသတခုဖြစ်နေ၍ လည်း ရေကူးမည့် မစီစဉ်ကို အကောင်ထည်မဖော်ဖြစ်ခဲ့။

မတော်တဆတခုခု ဖြစ်သွားမှဖြင့် * ကို့ * အနားမှာ အရိပ်လို လိုက်ကပ်မနေရပဲ ဖြစ်နေအုံးမည်။

တယောက်ထဲ အားမလိုအားမရဖြစ်နေတုန်းမှာပဲ ~~~

" Annyeong Saeng "

" Nae Annyeonghaseyo Taeyeon Unnie "

" inn Unnie တောင်းဆိုစရာတခုရှိလို့ saeng "

" nae unnie ဘာများလဲ saeng ကူညီနိုင်တာ ကူညီပါ့မယ် "

" ဟိုတနေ့က saeng တို့ အလုပ်ခန်းရှေ့က ဖြတ်တော့ unnie ရုတ်တရက် အကျီင်္ ဒီဇိုင်း တခုကို တွေ့မိလို့ "

*အရိပ်စစ်*Where stories live. Discover now