အပိုင်း(၉)*တစ်သက်မမေ့ဖွယ်ရာ မွေးနေ့ပွဲကိုပိုင်ဆိုင်ရခြင်း*

77 6 0
                                    

                          အရိပ်စစ်






Kris'P.O.V©©©©©©

သာမာန် မိန်းခလေး တယောက်ပါပဲ

ဒါပေမဲ့ သူမသည် သာမာန် တွေထဲကမှ ကွဲထွက်ပြီး ကျွန်တော့်ကို ဆွဲဆောင်စေနိုင်ခဲ့သည်။

ကျွန်တော့်  နှလုံးသားကို  echo ဖြစ်စေနိုင်ခဲ့သည်။

တိုးတိုးတိတ်တိတ် စုံစမ်းသိရှိရသလောက်  သူမသည်

မြန်မာနိုင်ငံတွင် မွေးဖွားသည့်

China - Myanmar ကပြားမလေးတဦး

ထို့ကြောင့်လဲ  သူမသည်
ဖြူဖွေးသော အသားရည်ကို ပိုင်ဆိုင်ထားမှန်း ဖြစ်ပေလိမ့်မည်။

ရုပ်ရည် တခုထဲကြောင့်တော့ ကျွန်တော် သူမကို သဘောကျမိလိမ့်တာ
မဟုတ်ခဲ့ပေမဲ့……………………

သူမ၏ စူးရှသော မျက်ဝန်း အလှကြောင့်သာလျှင်  ကျွန်တော် ကျရှုံးခဲ့တာဖြစ်ပေလိမ့်မည်။

ပြောခဲ့ဖူးသည်လေ~~~~~~~

ကျွန်တော်က  မျက်လုံးလှတဲ့ မိန်းခလေးတွေဆို  သဘောကျမိမှာပါလို့

Magazine တခုရဲ့ interview မှာ ဖြေခဲ့ဖူးသည်။

အခုတော့ အမှန်တကယ်ကိုပင်  မျက်ဝန်းလှလှ ပိုင်ရှင်ကို
ကျွန်တော်   ရှာတွေ့ခဲလေပြီ။   ©©©©©©

စာမျက်နှာ တမျက်နှာ  ပြည့်လုနီးပါး ရေးထားမိသော  Diary စာအုပ် အသစ် စက်စက် ၏ အဖုံးတွင်  ကျွန်တော့်ရဲ့ လက်ရေးသော့သော့ များဖြင့်ခေါင်းစဉ်တပ်လိုက်မိသည်က

*  ကျွန်တော်၏ အရိပ် *

ဘယ်သူ က သိခဲ့မိမှာလည်း  ကျွန်တော်တို့ ၂ယောက်၏ အတွေးတွေ ထပ်တူ ညီနေလိမ့်မယ်ဆိုတာကို။


***************************************


များပြားလှသော schedule များ
ကြောင့်  ရာသီဥတု စက်ဝန်းသည် ဆောင်းဦးမှ ဆောင်းသို့ ကူးပြောင်းသွားသည်ကိုပင်
SM's Staff တချို့   သတိမထားမိခဲ့ချေ။

ထိုအထဲတွင်  ကျွန်မသည်လဲ အပါအဝင်။

လာမည့်တပတ်တွင် ကျွန်မ၏ လုပ်သက် တနှစ်ပြည့်မည့်  နေ့ကိုပင်  Unnie Min Yong ပြောမှပင် သတိရပေတော့သည်။

*အရိပ်စစ်*Où les histoires vivent. Découvrez maintenant