အပိုင်း(၅)*ချစ်သောအရိပ်ဖြင့် ခရီးတစ်ခုထွက်ရခဲ့ခြင်း*

114 8 0
                                    

                           အရိပ်စစ်




ဆောင်းဦးဝင်ကာစမို့seoul မြို့မနက်ခင်းအလှက  မြူမှုန်  များဖြင့်   ပြည့်နှက်လို့ရှိနေသည်။

Septemberလ ဒုတိယ အပတ်ထဲ ဝင်ရောက်လာခဲ့သောကြောင့် ခါတိုင်း အချိန်တွေထက် အအေးထုက တော်တော်လေးကို ကြီးစိုးနေပေ၏။

မြန်မာနိုင်ငံတွင်မွေးဖွားပြီး မြန်မာနိုင်ငံတွင် ကြီးပြင်းလာသည့် ကျွန်မအတွက်
ဤ Septemberလကို သတိမထားအလေးမမူပဲ ပေါ့ပျက်ပျက်ထားခဲ့မိတာ………

ယခုလို မနက်စောစောစီးစီး ၅:၀၀ လောက်အပြင်ထွက်ဖြစ်မှပဲ မှားမှန်းသိပေတော့သည်။

€  ဟုတ်သားပဲ  ငါမေ့နေတာ ကျန်း
ဒီမှာ မိုးဥတု ဆိုတာ ကြီးဆိုတာ ရှိမှမရှိဘဲ
မလွယ်ဘူး ဟ
ဆောင်းဦးဝင်ကာစပဲ ရှိသေးတယ်
အားပါးပါး  ချမ်းလိုက်တာနော် €

သာမာန် လက်ရှည်တစ်ထည်သာဝတ်ဆင်
လာသော ကျွန်မ
SM အဆောက်အဦး ရှေ့တွင် အတော်ကြီးကို ဒုက္ခရောက်နေပေတော့သည်။

€ ဘယ်လိုလုပ်ရပါ့မလဲ
ငါက မအေးလောက်သေးဘူးထင်ပြီး အနွေးထည်တောင် မဝတ်ရသေးဘူး
ဒုက္ခပဲ ခုချိန်မှ ဝယ်လဲ မှီမှာ မဟုတ်တော့ဘူး

Unnie Min Yong ကလဲ အစောကြီးထပြီး ဘယ်သွားပါလိမ့် …

အာ ဟုတ်သား unnie ကို ph ဆက်ပြီး အနွေးထည်တထည် ထည့်လာခိုင်းရမယ်

Ah ~~~ အေးလိုက်တာ €

ီတီ ~~~ တီ ~~~ တီ

Unnie ရေ မြန်မြန်ph ကိုင်ပါတော့………

€ ငါနောက်ကျပြီထင်တာ ခုထိတယောက်မှတောင် မလာကြသေးဘူး
ကားကလဲ ဘယ်ရောက်နေလဲ မသိ ဟူး…… ~~~~~ €

အေးလွန်းလို့ ခုန်ဆွခုန်ဆွ လှုပ်နေမိသော ကျွန်မ၏ ကိုယ်ခန္ဓာလေး ခဏမျှ ရပ်တန့်သွားစေအောင်
တစ်စုံတယောက်၏ လက်တစုံက
ကျွန်မ ပခုံးပေါ် သို့ အနွေးထည် ခပ်ထူထူကို တင်လိုက်လေတော့၏။

" ဟင် Kris Oppa ~~~~~~ "

" မင်းအရပ် ထပ်ထွက်ချင်လို့ ခုန်နေတာလား ဟမ်
မိန်းခလေးဖြစ်ပြီး ဒီလောက်အရပ်ရှည်နေရတဲ့ ကြားထဲခုန်မနေနဲ့
မြင်မကောင်းဘူး"

*အရိပ်စစ်*Hikayelerin yaşadığı yer. Şimdi keşfedin