အပိုင်း(၁၂)*စိတ်ကူးထားသမျှလွဲချော်သွားခြင်း*

89 9 0
                                    

                           အရိပ်စစ်







" Saeng  Merry Christmas နော်။ Omma တို့တောင် မေးနေသေးတယ် ကေ တယောက် ပျောက်လှချည်လားတဲ့။
အရင်နှစ်တွေတုန်းက unnieတို့အတူတူ Christmas နေ့တွေကို  ကျင်းပ လာကြတော့ ဒီတနှစ် saeng မပါတော့ တမျိုးကြီးပဲ။
အားလုံးသတိရနေကြတာ။
အငယ်လေးတောင်  saeng ကို ခေါ်ဖို့ ph ဆက်သေးတယ်။မနေ့က ဘာလို့ ph စက်ပိတ်ထားတာလဲ saeng."

မနက်အစောကြီး  မိဘအိမ်ကနေပြန်ရောက်လာတဲ့
Min Yong Unnie သည် ကျွန်မကို တွေ့လျှင်တွေ့ချင်း  များပြားလှသော စကားများကို တရစပ်ပြောနေလေ၏။

တစ်ညလုံး အိပ်မရ၍ အိပ်ရေးမဝဖြစ်နေသော ကြောင့် unnie ကို အရင်တုန်းကလိုမျိုး စကားအများကြီးမပြောဖြစ်။

"Miyannae "ဆိုတဲ့ တိုတောင်းလှသော တောင်းပန်စကားကိုသာ မတိုးမကျယ်လှသော လေသံဖြင့် ပြောလိုက်မိသည်။

ဒါကို ကျွန်မ အကြောင်း ကောင်းကောင်းသိနေတဲ့ Min Yong Unnie ကလဲ ဘာမှဆက်မပြောတော့ပဲ အလိုက်သင့် ရှောင်ထွက်သွားပေးကာ
အလုပ်သွားရန်သာ ပြင်ဆင်နေလေတော့သည်။


***************************************


အလုပ်စဝင်ကထဲက တခါမှ ခွင့်မယူဖူးသေးသော ကျွန်မသည်
ဒီတခါတော့ ၃ရက်မျှသော ခွင့်ကို ယူကာ ကျွန်မ စိတ်ကို ထွက်ပေါက်ပေးရပေမည်။

ပင်ပန်းနေပြီ ဖြစ်တဲ့ ကျွန်မ၏ ခန္ဓာကိုယ်နှင့်  ကျွန်မ၏ စိတ်

သူတို့တွေကို အနားပေးရပေအုံးမည်လေ။

ဒါမှသာ * ကို *ဆိုတဲ့  ကျွန်မဘဝ၏ အရိပ်စစ် နားမှာ ကြာရှည်စွာ နေထိုင်ရလိမ့် မယ်ဟု ကျွန်မ ထင်သည်။

ကျွန်မ အရမ်း ပင်ပန်းနေပြီ *ကို*


***************************************



၃ရက်ပြည့်ပြီး နောက်တနေ့တွင်တော့ ကျွန်မ ထုံးစံအတိုင်း လုပ်ငန်းခွင်ထဲသို့စောစောရောက်
်အောင်လာပြီး  အလုပ်ထဲမှာ စိတ်နှစ်ကာထားသည်။

အရင်တုန်းကထက်ပိုပြီး အားကြိုးမာန်တက် တက်တက်ကြွကြွဖြစ်အောင်နေပြီး အလုပ်လုပ်သည်။

*အရိပ်စစ်*حيث تعيش القصص. اكتشف الآن