အပိုင်း(၈)*ပျော်ရွှင်ခြင်းမှ မပျော်ရွှင်ခြင်း သို့ကူးပြောင်းသွားခြင်း*

92 10 0
                                    

                           အရိပ်စစ်





အချိန်တွေကပဲ အကုန်မြန်နေတာများလား?

ကျွန်မ စိတ်တွေကပဲ စိတ်နှင့်ကိုယ်နှင့် မကပ်လို့ အချိန်တွေကို သတိမထားမိတာလားဆိုတာကတော့ ကျွန်မကိုယ်တိုင်ပင် မသိခဲ့ချေ။

တပတ်ပင် မပြည့်သော အားလပ်ရက် ၅ရက်ကို ၁ရက်ခွဲမျှသာလျင် ပျော်ရွှင်ခဲ့ရသည့်အဖြစ်ဖြစ်ခဲ့ရသည်။

ခရီးထွက်မည့် မနက်ခင်းအချိန်ရယ်

ကားပေါ်တွင် ကုန်ဆုံးခဲ့သည့် နေလည်ခင်းပိုင်းအချိန်တွေရယ်

ဒန်းတခုပေါ်တွင် ၂ယောက်ထဲ ဘာစကား တခုမှ မဆိုပဲ နေခဲ့သည့် ညခင်းအချိန်တွေရယ်

နောက်တနေ့ ဂျယ်ဂျူ ကျွန်း ပတ်လည်ကို တယောက်ထဲ လျှောက်သွားခဲ့မိသည့် နေ့တဝက် အချိန်တွေသာလျင် ကျွန်မ အတွက် ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ခဲ့ပေသည်။

ထို့နောက်တွင်တော့~~~

ကျွန်မ၏ အားလပ်ရက်ကို အမှောင်ချထားမိသော ဟိုတယ်အခန်းတွင်းသာလျင် ကုန်ဆုံးစေခဲ့တော့၏။



***************************************


တခါတရံ ဖြစ်ပေါ်တတ်သည့် လူသားတယောက်၏ အတ္တ အနေဖြင့်

ကျွန်မသည် မိုက်ရူးရဲဆန်စွာ
ထို အရိပ်စစ် အောက်တွင် အကြိမ်၁၀၀မက ခိုလှုံချင်ဖူးသည်။

ဘဝ အမောဒဏ်တွေကို ဖြေဖျောက်ချင်ဖူးသည်။

ပြီးနောက် ထိုအရိပ်စစ်နှင့် ထပ်တူ ကျပြီး လောက ကြီးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ခဲ့ဖူးသည်။

ဤ သည်ကား ကျွန်မ၏ မွေးရာပါ တကိုယ်ကောင်း စိတ်ဓါတ် အတိုင်းသာဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။

သို့သော်လည်း

ချစ်တယ် ဆိုတာ ထက်ပိုနက်ရှိုင်းနေသော မြတ်နိုးမှု ဆိုသည့် အရာ

ကျွန်မ အပါအဝင် ကမ္ဘာ တဝှမ်း လုံးက သူ့ကို ချစ်သော မိန်းခလေး အများစု ၏ အချစ်အဓိပ္ပါယ်ကို ဖွင့်ဆိုခိုင်းပါက ထိုနည်းအတိုင်းသာ ဖြစ်မည်ဆိုတာ ရာခိုင်နှုန်း တဝက်ကျော်လောက် မှန်ကန်နေပေလိမ့်မည်။

*အရိပ်စစ်*Donde viven las historias. Descúbrelo ahora