🌞🌞🌞🌞Road to a happy life🌞🌞🌞
Recall》》ကိုယ် ကလေးကိုချစ်တယ်........"
ရိုးရိုးရှင်းရှင်းလေးပါပဲ ဘာအပေါ်ယံစကားလုံးတွေမှမပါဘဲ အချိုသာဆုံးသူ့နှုတ်ခမ်းက ထွက်ကျလာတဲ့စကားလေး..... baekကြားဖူးသမျှထဲမှာတော့ နားထောင်လို့အချိုဆုံးစကားလေးပါပဲ.....
Baekမျက်နှာလေးရဲသွားပြီးမှ chanyeolမျက်လုံးတွေကိုသေချာစိုက်ကြည့်ပြီး
..."Baekလေ... baekယုံလို့ရရဲ့လားဟင်??...."
************************************Chanyeolတစ်ယောက် baekပြန်မေးလိုက်တဲ့စကားကြောင့်နည်းနည်းကြောင်သွားပေမဲ့... ချက်ချင်းပဲသူ့ကလေးလေးဘယ်လောက်ဖြူစင်တယ်ဆိုတာ ခံစားလိုက်မိပါတယ်....
"ဒီမှာ baek...ကိုယ်ခုပြောတဲ့စကားက ကိုယ်တစ်ခြားလူတစ်ယောက်ကို ဘယ်တုန်းကမှမပြောခဲ့ဖူးတဲ့စကားပါ.... ကိုယ်မင်းယုံအောင်ဘယ်လိုထပ်ပြောပြရမလဲဆိုတာတော့ မသိတော့ဘူး...ဒါပေမဲ့ကိုယ်ပြောလိုက်တဲ့စကားအတွက်ကိုယ်တာဝန်အပြည့်အဝယူတယ်....ဒီလောက်ဆိုရင်ယုံပြီလား...."
Baek'pov"ဟင် baek ခုသူ့သိက္ခာကိုစော်ကားလိုက်သလိုဖြစ်သွားတာလား သူ့ပုံကြည့်ရတာဒေါသထွက်နေပုံမရပေမဲ့ နည်းနည်းတော့စိတ်ထဲမှာခံစားသွားရတဲ့ပုံပဲ... ငါစကားများမှားသွားလား...."
"ဟို baek baekကအဲဒီသဘောမျိုးနဲ့မေးတာမဟုတ်ပါဘူး park chanyeol shiiရဲ့သိက္ခာကိုမယုံကြည်သလိုဖြစ်သွားရင်တောင်းပန်ပါတယ်....."
မျက်ရည်လေးတွေဝဲကာ ခေါင်းလေးကိုအောက်ကိုငုံ့ပြီးပြောနေတဲ့ baekကိုကြည့်ပြီး chanyeolသူ့ကိုယ်သူတောင်မုန်းမိတယ်....အော်အျစ်ဆိုတာ အရမ်းဆန်းကြယ်တာပဲ....သူစိတ်မကောင်းဖြစ်သွားတာလေးကိုတောင် ကိုယ့်ကိုယ်ကို ပြန်မုန်းမိတဲ့အထိပါလား ဒါတွေကိုရောကလေးနားလည်နိုင်ပါ့မလားကွာ.....
"ဟူး...."
သက်ပြင်းတစ်ချက်ကို ပြင်းပြင်းချလိုက်တဲ့သူ့ကို baekမော့ကြည့်မိတယ် baekထပ်ပြီးစကားမှားသွားပြန်ပြီလား ....
အတွေးကိုယ်စီနဲ့ထိုင်နေကြတယ့်ကောင်လေးနှစ်ယောက်ရဲ့ နှလုံးသားထောင့်နေရာမှာအချစ်ကတဖြည်းဖြည်းနေရာယူနေပြီဆိုတာ သူတို့နှစ်ယောက်ထဲကတစ်ယောက်သာသတိထားမိနေသေးသည်လေ......
************************************