Part 3

733 79 5
                                    

🌞🌞🌞🌞Road to a happy life🌞🌞🌞

ပြောနေရင်း ရှေ့ကိုတဖြည်းဖြည်းတိုးလာသည့်သူကြောင့်ကျွန်တော်လည်းနောက်ကိုမဆုတ်မိ ပြီးသူ့အရပ်ကပုနေတာကြောင့်ကျွန်တော်လည်ပင်းကိုဖက်ပြီး

"အား!!!!!!!!!!!!!!!!"

ပူနွေးသွားသည့်နဖူးပြင် စပ်ဖျဉ်းဖျဉ်းခံစားမှုကြောင့် ဒေါသကအလိုလိုထွက်လာသည် ကလေးသာ ကောင်လေး၏နဖူးတိုက်ချက်က ပြင်းလွန်းတယ်
ချက်ချင်း သတိဝင်ပြီးသူ့ကိုကြည့်မိတော့ဒယိမ်းဒယိုင်နဲ့သူက နဖူးလေးကိုပွတ်နေသည်လေ

ဘေးမှာတော့ အံအားသင့်နေသည့်ကျွန်တော့်အတွင်းရေးမှူးနှင့် အန်တီ taoတို့ကိုတွေ့ရသည် ဒေါသနဲ့ရှက်စိတ်ကိုပြန်ထိန်းကာထိုကောင်လေးပခုံးကိုတင်းတင်းဆုပ်ကိုင်လိုက်တော့ ကျွန်တော့်လက်တွေထဲမှာ သူ့ကိုယ်လေးပျော့တိပျော့ဖတ်ပါလာသည် သူမူးနေတာပဲ~~

"အန်တီ ကျွန်တော်သူ့ကိုအိမ်ထဲ ပို့ပေးခဲ့ပါမယ်"

"အော် အေးလာလာ"

ဒီကောင်လေး လူပုံကသာသေးသေးလေး အတော်တော့လေးသား ဝက်ပေါက်

"ဘယ်ကိုပို့ပေးရမလဲ သူ့အခန်းထဲလား"

"အပေါ်ထပ် ဝင်ဝင်ချင်းအခန်းပဲ သားရေ"

သူ့ကိုယ်လေးကိုအိပ်ရာပေါ် အသာလေးချပြီးမှ မြင်လိုက်ရတာ သူ့ရဲ့ချောမွတ်နေတဲ့မျက်နှာလေး
မျက်လုံးကျဉ်းကျဉ်းလေးမှာ လိုင်နာအနက်ရောင်လေးကထင်းနေသည် နှာခေါင်းလုံးလုံးလေးကသူ့ကို ပိုကလေးဆန်သလိုပင် ပြီးတော့စတော်ဘယ်ရီရောင်နှုတ်ခမ်းလေး သောက်ထား၍ပုံမှန်ထက် ပိုရဲနေသောနှုတ်ခမ်းလေးက သူ့ကိုဆွဲဆောင်နေသယောင်

"အဟမ်း ဟမ်း"

အငမ်းလွန်နေတာ အခန်းပေါက်က အန်တီ taoချောင်းဟန့်မှ သတိပြန်ဝင်လာသည်

"Chanyeolရေ baekhyunလေးအိပ်ပျော်သွားပြီထင်တယ် လိုက်ပို့ပေးလို့ကျေးဇူးပဲနော် သားကလေဘယ်တုန်းကမှ သောက်ဘူးတာမဟုတ်ဘူး သူ့Appaကလည်းနေ့လည်ကမှ ခရီးထွက်သွားလို့ အားနာစရာတွေဖြစ်သွားလို့ အန်တီကပဲ တောင်းပန်ပါတယ်ကွယ်"

Road To A Happy LifeWhere stories live. Discover now