🌞🌞🌞🌞Road to a happy life🌞🌞🌞
Recall》》
"Baek စားလေ အဆင်မပြေလို့လား...."သူ့အသံကြားမှ ပြန်သတိဝင်လာတယ်..
လူလည်း သူ့ကိုချော့ဖို့စဉ်းစားရတာ ဗိုက်ဆာနေတာတွေတောင် ဘယ်ရောက်ကုန်မှန်းမသိ"အင်း အဆင်ပြေပါတယ် ခင်ဗျားရောစားရတာအဆင်ပြေလား..."
" အင်း ကိုယ်က ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်..."
************************************
စားသောက်ပြီးတော့လည်း baekကားပေါ်ပဲပြန်တက်နေလိုက်တယ် နောက်တော့မှ သူလိုက်လာတယ်......အပြန်မှာ လက်စွပ်ရွေးဖို့ဝင်ရမှာဆိုတော့ ဘယ်လိုချော့ရမလဲ တွေးရင်း baekဗျာများနေပါသည်......
"ရောက်လာပြီလား..အန်တီကသားတို့ကိုစောင့်နေတာ....Taoကသူ့သားနဲ့သမက်လေးအတွက် အကောင်းဆုံးပြင်ဆင်ပေးလိုက်ပါဆိုလို့ သေချာပြင်ထားပေးတယ်နော် သားတို့"
"Nae အန်တီကျေးဇူးပါ...."
Baekတို့နှစ်ယောက်ကိုကြည့်ပြီးရွှန်းရွှန်းဝေအောင် စကားဆိုလာတာမို့ baek လည်းပြန်ပြီးပြုံးပြလိုက်ပါတယ်......
Baek ပြုံးပြတာကိုသတိထားမိသွားတဲ့ အန်တီက...
"Chanyeolကိုတော့ မြင်ဖူးပါတယ်... ဒါက Taoပြောပြောနေတဲ့ baekhyunလေးထင်တယ်...ချစ်စရာလေးပဲ သားက.... တွေ့ရတာဝမ်းသာပါတယ် အန်တီက Eunheeပါ..."
"ဟုတ်ကဲ့ ကျွန်တော်လည်းဝမ်းသာပါတယ်"
"ကျွန်တော်တို့ရွေးဖို့ပြပေးလို့ရမလား အန်တီ"
"ဟုတ်ပါရဲ့ မေ့နေတာ....လာလာ ဒီမှာပြင်ပေးထားတဲ့အထဲကပဲရွေးလိုက်နော်...လိုတာရှိရင်ပြောပေါ့...."
"ဒီဟာလေးပဲယူတာပေါ့ ကိုယ်ကြိုက်တယ်...မင်းရော???"
"Baekလည်းကြိုက်ပါတယ် ရိုးရိုးရှင်းရှင်းလေးဆိုတော့အဆင်ပြေတာပေါ့.."
************************************
Baek တို့လက်စွပ်ရွေးပြီးပြန်လာတော့ ကားပေါ်မှာသူ့ဘက်က စကားစပြောလာတယ်"မင်း ဘယ်သွားစရာရှိသေးလဲ..ရှိရင်တစ်ခါတည်းပို့ပေးမယ်...."
"အထွေအထူးမရှိပါဘူး... ခင်ဗျားရော???"
"ကိုယ်လည်းမရှိဘူး အိမ်ပဲပြန်မှာ...."
"ဒါဆိုရင် baekတစ်နေရာသွားချင်တယ် အဲ့ဒါလိုက်ပို့ပေး..ခင်ဗျားပါလိုက်ရမှာနော်...."
"ကိုယ်ပါလိုက်ရမှာလား.. ok လေ သွားတာပေါ့ ပြောဘယ်သွားမှာလဲ...."
"Shopping centre တစ်ခုခုပေါ့...ဈေးဝယ်မလို့.."
"ကောင်းပြီလေ Lotto Mallပဲသွားတာပေါ့...."
************************************
"လာလေ ခင်ဗျားပါလိုက်ရမှာ..."Baek တွေးထားတာက သူ့နဲ့ shoppingထွက်မယ် သူ့ကိုချော့မယ်ပေါ့...ခုတော့သူက ကားပေါ်ကတောင်မဆင်းဘူးလုပ်နေတယ်...ဟွန့်^ပဲများတဲ့လူကြီး...!!!!
"ကဲ ကိုယ်တော်လေး ဘယ်ကိုအရင်ဝင်မှာလဲ???"
Chanyeol အသံကြားတော့မှ baekသတိပြန်ဝင်လာပြီး...
"အင်း အဝတ်သွားဝယ်မယ်..လာလာ"
Chanyeolလည်း သူ့ကလေးနောက်ကနေလိုက်နေရတယ် ခုထိ ဘယ်ဆိုင်ကိုဝင်မလို့ ဘယ်တွေသွားနေမှန်းမသိ...မနေနိုင်လို့မေးမိတော့မှ သူကအဝတ်ဆိုင်ဆိုပြီး...သွားလေရဲ့
Chanyeolဆိုင်ထဲလိုက်ဝင်လာတော့ ကြားလိုက်ရတဲ့အသံနဲ့ မြင်လိုက်ရတာက...baekလေ ခုမှဆိုင်ထဲဝင်လာတဲ့သူ့ဆီပြေးလာပြီးတော့...
"ကိုကိုက ဒီဟာလေးနဲ့လိုက်တယ်...ဒါလေးယူလိုက်တော့မယ်နော် baekဝယ်ပေးမှာမို့ မငြင်းရဘူး နော်..ကိုကို.."
Chanyeolတစ်ယောက် baekရဲ့*ကိုကို*ဆိုတဲ့စကားသံလေးအောက်မှာ ဘယ်လောက်ထိသာယာနေမိလည်းသူကိုယ်တိုင်တောင်မသိတော့... baekသူ့ကို"သွားကြမယ်"လို့ လာခေါ်မှ သတိဝင်လာတော့တာ...ရှေ့ကနေ လျှောက်နေတဲ့ကလေးပိစိရဲ့ လက်မောင်းလေးတွေကိုဖမ်းလိုက်ပြီး မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင်ပြင်လိုက်ပြီးမှ ...
"ကလေး..ကိုယ့်မျက်လုံးကိုသေချာကြည့်ပြီးဖြေပါ...ကလေးခုနကကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ..."
Baekက မျက်လုံးရဲရဲတောက်တောက်လေးတွေနဲ့သူ့ကိုကြည့်ပြီး...
"ကိုကို လို့ခေါ်လိုက်တာလေ.....💗"
************************************
ဒီနားမှာခဏရပ်မယ်နော်...စောင့်နေတဲ့သူတွေကို တကယ်အားနာမိပါတယ်...ကျေးဇူးလည်းတင်ပါတယ်နော်....နောက်တစ်ပိုင်းကိုsweetရမလားဟင်???...🙈🙈🙈
