🌞🌞🌞🌞Road to a happy life🌞🌞🌞
Recall》》
ထူထဲနေတဲ့အမွေးပွစောင်ရဲ့အောက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြတဲ့ ကောင်လေးနှစ်ယောက်လုံးရဲ့ အိပ်မက်တွေဟာလည်း နွေးထွေးပြီးလှပနေခဲ့တယ်ဆိုတာ ပြတင်းပေါက်အပြင်ကနှင်းစက်လေးတွေရော သိပါ့မလား......❄❄❄
************************************
"အင့် အင့် ဝါး...အိပ်လို့ကောင်းလိုက်တာ"အဖြူရောင်စောင်ပုံအောက်က အဖြူရောင်နတ်သားလေးအလား မနက်ခင်းရဲ့နေခြည်အောက်မှာနိုးထလာတဲ့ ကလေးလေး....ကျွန်တော်သူ့ကိုဘေးကထိုင်ကြည့်နေတာကိုမမြင်ဘဲ အိပ်ရာကနေထလာတယ်
"Ahh!!!!!!!!!!........"
"အမယ်လေး baekရယ်အဲ့လောက်တောင်အော်ရလား ဘာ ဘာဖြစ်လို့လဲကွာ......."
အိပ်ရာကနိုးလာတဲ့ ကလေးကိုထိုင်ကြည့်နေတဲ့ park chanyeolတစ်ယောက် သူ့ကလေးရဲ့ပြောင်မြောက်လှတဲ့ vocalကြောင့်ရုတ်တရက်လန့်သွားပြီး စကားတွေတောင်မှားချင်သွားတယ်...
သူမေးလိုက်တော့ baekကသူ့ဘက်လှည့်လာပြီး...
"ခင်ဗျားကြီး ခုတင်ပေါ်ဘယ်လိုရောက်နေတာလဲ...ပြီးတော့ baek baekကိုရော ဘာလုပ်ထားသေးလဲ ဟမ်....."
"ကလေးရယ်မေးရက်တယ်ကွာ..... ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး ညကလည်းအရမ်းအေးနေလို့သာဖက်အိပ်မိတာပါ.....ကလေးမကြိုက်ရင်လည်း ကိုယ်တောင်းပန်ပါတယ်....."
Baek's pov"ကျွန်တော့်မေးခွန်းအဆုံးမှာ သိသိသာသာပျက်သွားတဲ့သူ့မျက်နှာ.....ခေါင်းငုံ့ပြီးပြောလာတဲ့တောင်းပန်စကား...ဟူးကျွန်တော်သူ့အပေါ်အမှားလုပ်မိပြန်ပြီလား...ဒီတစ်ခါတော့ကျွန်တော် လွန်သွားပြီထင်တယ်....."
ကျွန်တော် အတွေးမဆုံးသေး အခန်းထဲကထွက်သွားတဲ့လူကြီးကြောင့် ပိုပြီးစိတ်မကောင်းဖြစ်ရပြန်ရော.....
"အို byun baekကိုယ်ကအငယ် သူကအကြီးအခုက သူ့ဘက်ကလည်းမှားတယ်ဆိုပေမဲ့ ငါလည်းလွန်သွားတယ် အင်း.....သူ့ကိုပြန်ချော့ရင်ကောင်းမယ်......ဟုတ်တယ် ပြန်ချော့ရမယ်..ခိခိ"
အခန်းထဲမှာသူ့အမှားအတွက် လူကြီးကိုပြန်ချော့မယ့်ကလေးရယ်.....အိမ်ရှေ့ဧည့်ခန်းထဲမှာ ကလေးအပေါ် အားနာမိနေတဲ့လူကြီးခေါ် ကောင်လေးတစ်ယောက်ရယ် ရှိနေသတဲ့.......
************************************
"Hello omma ဟုတ်ကဲ့ကျွန်တော်တို့ ဒီနေ့လည်ပြန်လာမှာပါ ဟုတ်ကဲ့ပြန်လာရင်း ဝင်ကြည့်လိုက်ပါ့မယ်....."Ommaကတော့ wedding dressမှာထားတာရပြီမို့ နှစ်ယောက်သွားကြည့်ဖို့ပြောပေမဲ့လောလောဆယ်သူလေးက ကျွန်တော့်ကိုစိတ်ဆိုးနေတာဆိုတော့ ပြောတော့ ပြောကြည့်ရမှာပေါ့လေ....."
"ဟွန့် ဒီလူကြီး ငါ့ကိုလည်းခုချိန်ထိလာမခေါ်သေးဘူး ဗိုက်ကလည်းဆာနေပြီ အိမ်ပြန်ဖို့လည်းရှိသေးတာကို....အောက်ဆင်းကြည့်ရမယ်..."
"အော် baekဆင်းလာပြီပဲ ကိုယ်တောင်ခုပဲလာခေါ်မလို့....."
Baek's pov"Baekတဲ့ ကလေးလို့တောင်မခေါ်တော့ဘူး ဒီလူကြီးကတော့....."
"Aww အဟင်းဟုတ်တယ် ဗိုက်လည်းဆာနေလို့လေ....."
"အာ ဟုတ်သားပဲကိုယ်မေ့နေတာ မင်းဘာမှာမှမစားရသေးတာ လမ်းကျမှတစ်ခုခုဝင်စားတာပေါ့....ခုတော့သွားရအောင်အပြန်နောက်ကျမှာစိုးလို့ ommaကလက်စွပ် ဝင်ကြည့်ဖို့လည်းမှာထားသေးတယ်...."
"ရပါတယ် ကျွန်တော်ကကိစ္စမရှိပါဘူး...ဝင်စရာရှိတာဝင်ရမှာပေါ့ သွားမယ်လေ ဒါဆို...."
"Inn သွားမယ်......"
Seoulကိုပြန်တဲ့လမ်းမှာ ကားပေါ်ကနှစ်ယောက်ရဲ့အခြေအနေကတော့ အေးစက်ဆဲ....
"ကဲ ဒီမှာပဲတစ်ခုခုစားတာပေါ့ ကိုယ်လည်းဆာနေပြီ.....မင်းစားတဲ့ဟာ တစ်ခုခုတော့ရမှာပါ....."
Baekလည်း ဘာမှပြန်ပြောမနေတော့ဘဲ ဆိုင်ထဲဝင်ပြီး စားလို့အဆင်ပြေမယ့်ဟာတစ်ခုမှာလိုက်တယ် ပြီးတော့သူလည်းဝင်လာပြီး မှာနေတယ်ပေါ့....
Baekတွေးနေမိတာ သူ့ကိုပြန်ချော့ရင်ကောင်းမလဲပေါ့ ...အခုသူက စတွေ့တုန်းကလိုပြန်ပြီးအေးစက်နေပြန်ပြီမလား...
"Baek စားလေ အဆင်မပြေလို့လား...."
သူ့အသံကြားမှ ပြန်သတိဝင်လာတယ်..
လူလည်း သူ့ကိုချော့ဖို့စဉ်းစားရတာ ဗိုက်ဆာနေတာတွေတောင် ဘယ်ရောက်ကုန်မှန်းမသိ"အင်း အဆင်ပြေပါတယ် ခင်ဗျားရောစားရတာအဆင်ပြေလား..."
" အင်း ကိုယ်က ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်..."
************************************
တိုသွားပါတယ် dateမလို့ကို မရေးဖြစ်တာနဲ့ ခုရေးပြီးသားလေးdateပေးတာပါ နေ့လည်ထပ်dateပါမယ်နော်
စောင့်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးပါ....