🌞🌞🌞🌞Road to a happy life🌞🌞🌞
Recall;
" သားက အဆင်ပြေပါတယ် သားသဘောကိုလည်းommaတို့ အန်တီtaoတို့ကိုပြောပြီးသားဆိုတော့"အမယ် အမယ် သူကအဆင်ပြေတယ်ဆိုတော့ ဒီက ငြင်းရင်တော့ ဘယ်လိုကောင်းတော့မလဲ
"သားလည်း လက်ခံပါတယ်ommaတို့ အဆင်ပြေသလိုသာလုပ်ပါတော့"
************************************
သူတို့နှစ်ယောက်လုံး သဘောတူသည်ဆိုတော့ မိဘတွေကတော့ သဘောတွေကျပြီး မင်္ဂလာပွဲကို ရက်မြန်မြန်လေး လုပ်ရန်တိုင်ပင်ကြတော့သည်အားလုံးဆွေးနွေးပြီးသည့်အထိ chanyeolလည်းတစ်လုံးမှဝင်မပြောသလို baekhyunလည်း စကားပင်မဟခဲ့ သတ်မှတ်လိုက်သည့်ရက်ကိုကြားမှသာ baekတစ်ယောက်ထအော်ပါတော့သည်
"Omma ဘယ်လို နောက်အပတ်ထဲမှာဟုတ်လား အရမ်းမြန်လွန်းတယ်လေဗျာ"
Suhoကတော့ အမေကိုနှုတ်ခမ်းဆူပြီး ပြန်မေးခွန်းထုတ်နေတဲ့ သူ့ရဲ့ သမက်ချောလေးကိုပြုံးပြီးကြည့်နေမိတယ်
"အော် သားရယ် အန်တီတို့ကလည်းသားတို့ချင်းပိုပြီးရင်းနှီးသွားအောင်ပါ အချိန်ဆွဲနေတော့လည်း ကြာရုံပဲရှိတာပေါ့ ဟုတ်ဘူးလား"
အန်တီ suhoကပါဝင်ပြောလာသည်မို့ baek ဟုတ်ကဲ့သာပြောပြီးငြိမ်နေလိုက်သည် ပြီးမှရှေ့မှာထိုင်နေသည့် chanyeolကိုအကူအညီတောင်းသည့် မျက်လုံးတို့ဖြင့် ကြည့်လိုက်တော့ ပခုံးတစ်ချက်သာတွန့်ပြသောကြောင့် စိတ်ကပို၍တိုလာရသည်
"ကူပြောပေးမယ်လို့ မရှိဘူး မျက်နှာကိုက ကျေနပ်နေတဲ့ပုံနဲ့ တော်တော်ကိုမုန်းစရာကြီး" baekတစ်ယောက်တည်းပွစိပွစိပြောနေသည်ကိုသူကရိပ်မိနေပုံရသည်
"Ommaကျွန်တော်တို့ အပြင်ခဏသွားလိုက်မယ် ommaတို့ချင်းဆွေးနွေးကြလေ သူလဲပျင်းနေမှာပေါ့"
"ဟုတ်သားပဲ chanyeolပြောမှသတိရတယ် ommaလည်းမေ့နေတာ baekကလူကြီးတွေစကားပြောနေရင် ပျင်းနေတတ်တာ" taoကရီရီမောမောနဲ့ ဝင်ပြောသည်လေ~
"အေး သွားကြလေ နောက်ကျလည်းရတယ် မင်းတိုက မကြာခင်လက်ထပ်တော့မှာပဲ ဘာမှမဖြစ်ဘူး ဟုတ်ပြီလား"
