Part 2

775 85 3
                                    

🌞🌞🌞🌞Road to a happy life🌞🌞🌞

ဒေါက် ဒေါက်

"ဝင်ခဲ့"

"ဆရာ ဟိုကောင်လေးပြန်သွားပါပြီ"

"အင်း ငါပြောခိုင်းသလိုပြောလိုက်တယ်မလား "

"ဟုတ်ကဲ့ဆရာ ဒါပေမဲ့သူကဆရာ့ကိုပြန်ပြောခိုင်းလိုက်ပါသေးတယ်"

"ဘာ သူကငါ့ကိုပြောခိုင်းတယ်"

"ဟုတ် ဟုတ်ပါတယ်ဆရာ သူကလည်းဆရာ့ကိုမတွေ့ချင်ပါဘူးတဲ့ ပြီး ပြီးတော့~~"

"ပြီးတော့ ဘာလဲ မြန်မြန်ဆက်ပြော"

"ပြီးတော့ဖြစ်နိုင်ရင်သူက ဆရာ့အရိပ်ကိုတောင်မြင်ချင်တာမဟုတ်ဘူးလို့ပြောခိုင်းလိုက်ပါတယ်"

"ဟား ဟား သူကငါ့ကိုတကယ်ပဲ အဲလိုပြောခိုင်းတယ်ပေါ့ ဟုတ်လား"

"ဟုတ် ဟုတ်ပါတယ်ဆရာ"

ဟုတ်တယ်လေ အတွင်းရေးမှူးဆိုပေမဲ့ ကိုယ့်ဆရာဒေါသကိုယ်ပဲသိတယ် ဟိုကောင်လေး ဆရာ့ကိုအဲလိုပြန်ပြောရဲတာလေးစားသွားပြီ

"ခုချက်ချင်း ကားပြင်ထား သွားစရာရှိတယ်"

" ဟုတ်ကဲ့ ဆရာ"

************************************
Baek's pov_စိတ်ထဲမှာလုံးဝ မကျေနပ်နိုင်ဘူး သူကဘာမိုလို့လဲ ဘုရင့်သားလား ဟွန့် ဘုရင့်သားတောင်သူ့လောက်ကြီးကျယ်နိုင်မှာမဟုတ်ဘူး တော်တော်ကိုလူပါးဝတယ် အဲလိုလူမျိုးကိုလက်ထပ်ခိုင်းတဲ့ omma Zi taoကိုလည်း လက်ဖျားခါတယ် လောလောဆယ်တော့ အလုပ်လုပ်ဖို့စိတ်ကလည်းမပါဘူး ဗိုက်ကလည်းဆာလာပြီ တစ်ခုခုသွားစားတာပဲကောင်းတယ်

အိမ်ရှေ့မှာကားရပ်သံကြားလို့ ထွက်ကြည့်မိတော့  အလို ဒါpark chanyeol မဟုတ်လား သူ့အမေkim suhoကသူ့သားဓာတ်ပုံ ပြဖူး၍မြင်ဖူးထားပေမဲ့ အပြင်မှာဒီလောက်ကြီးပိုပြီးခန့်ညားလိမ့်မယ်လို့မထင်ထားခဲ့တာ ငါ့သားလေးbaekhyunနဲ့ဆို နေနဲ့လရွှေနဲ့မြပေါ့

Taoရပ်ကြည့်နေမိရာမှ
" အော် သားလာလေ အိမ်ထဲကိုpark chanyeolဟုတ်တယ်မလား"

"ဟုတ်ပါတယ် ကျွန်တော်park chanyeolပါ ဒီကအန်တီက??"

"အော် အန်တီနဲ့မိတ်မဆက်ရသေးဘူးပဲ Zi taoပါ byun baekhyunရဲ့အမေပေါ့" သားကိုတော့ဓာတ်ပုံထဲမှာမြင်ဖူးတယ်"

Road To A Happy LifeWhere stories live. Discover now