Part 6

682 78 3
                                    

🌞🌞🌞🌞Road to a happy life🌞🌞🌞

"Baekhyunဆိုတဲ့မင်းကို ကိုယ်ကိုယ်တိုင် စိတ်ဝင်စားလို့ လက်ခံခဲ့တာ လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာ မင်းကို ချစ်လာမလား ဆိုတာတော့ မသေချာသေးဘူး butခုတော့ မင်းကို ကိုယ် လက်ထပ်ချင်တယ်"

မျက်လုံးချင်းဆုံပြီး လေးလေးနက်နက်ပြောနေသည့် သူ့ပုံကproposeလုပ်တာလား အမိန့်ပေးနေတာလား baek မခွဲခြားနိုင်ပါ သို့သော် baekရင်ထဲမှာ ကြည်နူးမှုလေးတစ်ခု ဖြစ်သွားတာကို baekကိုယ်တိုင်ပင် သတိမထားမိပါလေ~
************************************
အိမ်ပြန်သည့်လမ်းတစ်လျှောက်လုံး baekတို့နှစ်ယောက်လုံးစကားမပြောဖြစ်ခဲ့ကြပါ

အိမ်ရှေ့ရောက်တော့ baekလူခေါ်ဘဲလ်နှိပ်ပြီးတဲ့ထိ သူမပြန်သေးပါ ommaကအရင်ပြန်ရောက်နေပြီမို့ baekလည်းသူ့ကိုနှုတ်ဆက်ပြီး အိမ်ထဲသာဝင်လာခဲ့သည်

"Baek သား chanyeolနဲ့အဆင်ပြေခဲ့လား?"

"Nae omma"

"လက်ထပ်ပွဲအတွက်ကိုကော တိုင်ပင်ခဲ့ကြလား?"

Ommaမေးတာ baekအမှန်ပင်မကြားပါ စိတ်ထဲတွင်park chanyeolဆိုသော လူကြီးပြောခဲ့သော စကားကိုသာကြားယောင်နေမိသည်

"Baek baekရေ....."

"Ahh nae ဟိုလေ ommaသားပင်ပန်းနေလို့ သွားအိပ်တော့မယ်နော် ommaသိချင်တာတွေ မနက်မှမေးပါလား နော်"

"အင်း ဟုတ်ပါပြီ သွားအိပ်တော့လေ"

စိတ်နဲ့လူနဲ့ မကပ်ဘဲအပေါ်ထပ်ကိုပျင်းရိစွာနဲ့တက်လာခဲ့ပြီးကျောပြင်မှ အိစက်သည့်ခံစားမှုကြောင့်သာ အိပ်ရာပေါ်ရောက်နေမှန်း သိတော့သည်.....

ရေလည်းမချိုးချင်တော့သည်မို့ တန်းပြီးအိပ်ရာဝင်ဖို့သာ ပြင်လိုက်သည် မျက်လုံးများမှိတ်လိုက်သည့် ပေါ်လာသည့်သူ့မျက်နှာချောချောကြောင့် baekမျက်နှာပေါ်တွင် အပြုံးရိပ်လေးသမ်းသွားသည်....

"ခင်ဗျားကြီး တော်တော်ပြုစားနိုင်ပါလားဗျာ..."
************************************
Chanyeolပြန်ရောက်သည်နှင့် ရေတစ်ခါတည်းချိုးလိုက်သည် တနေကုန်ပင်ပန်းခဲ့သမျှ ရေချိုးပြီးတော့လန်းဆန်းသွားသည်....

Baekနဲ့အတူ ဖြုန်းလိုက်သည့်အချိန်အတွက် သူအလုပ်အစားပြန်လုပ်ရအုံးမည်လေ နောက်ပိုင်းကျ လက်ထပ်ပွဲအတွက်နဲ့လည်း အလုပ်ရှုပ်တော့မှာဆိုတော့ ကြိုပြီးလုပ်ထားဖို့ထိစဉ်းစားထားသည်....

Road To A Happy LifeWhere stories live. Discover now