"Ge Ge"
အနောက်နေ အော်ခေါ်နေတဲ့ အသံစူးစူးက သူ့အတွက်တော့ အမှန်တကယ်ကို စိတ်ရှုပ်စရာတစ်ခုပါပဲ..
သူထင်တာ မလွဲဖူးဆိုရင် သူမဟာ သူလှည့်ကြည့်မှာ မဟုတ်မှန်း သိပေမဲ့လို့ သူ့ကို လက်ဝေ့ယမ်းပြနေပါလိမ့်မယ်...
"Lu Mei!တော်တော့! သူကတောင် အဖတ်မလုပ်တာကို..
နင်က ဘာဖြစ်နေတာတုန်း!""အာ...မဟုတ်ပါဖူးဟ.. Ge Geက စိတ်ရှုပ်နေတဲ့ အချိန်မို့လို့ပါဟ.."
"ဟက်!!!
အဲ့တာဆို သူက တစ်နှစ်မှာ 366ရက် စိတ်ရှုပ်နေတာပေါ့ Mei Mei!"ထွက်လာပါပြီ....
ထိုသူ၏ ခနဲ့တဲ့တဲ့စကားတွေ....မခံနိုင်ပေမဲ့.....
သည်းမခံနိုင်ပေမဲ့...
လျစ်လျူရှုလျက်သာ......•••
RED
•••*ဗုန်း!!!!!!!
ထုံးစံအတိုင်း ကူညီပေးမဲ့သူမရှိဖူးလေ..
ပြန့်ကြဲနေတဲ့ စာအုပ်တွေ ကောက်တင်ရင်း ကိုယ့်ကိုကိုယ်သာ လှောင်ပြုံးပြုံးမိပြန်တယ်..
"Ge Ge!!!!"
လှေကားထိပ်ကနေ စိတ်ပူလွန်းအားကြီးပြီး အော်လိုက်တဲ့ သူမကို တွေ့လိုက်တာနဲ့ စာအုပ်တွေကို မြန်မြန်ကောက်ပြီး ရှောင်လွှဲမိပြန်တယ်...
ဒါမဲ့ ကံကြမ္မာရယ်...
စေနှင်းလေသလား??
လက်ထဲက စာအုပ်တွေက ချော်သွားပြီး ကြမ်းပြင်မှာ တဖန် ပြန့်ကြဲသွားခဲ့ပြန်တယ်...
"Ge ရရဲ့လား?ဘယ်နားထိသွားသေးတုန်း?!"
လက်တစ်ဖက်ပေါ်တင်ပြီး စိုးရိမ်တကြီးမေးရှာတဲ့သူမလက်တွေကို သူ တစ်ကိုယ်ကောင်းဆန်စွာ အတ္တကြီးစွာနဲ့ ပုတ်ချမိခဲ့ပြန်တယ်...
"Mei!"
ဟက်!ထိုသူ!
အဝေးကနေ ကောက်လာတဲ့ စာအုပ်ကို သူ့ဆီထိုးပေးပြီး သူမရဲ့ လက်ကို ဆွဲထွက်သွားပြီလေ..
မျက်လုံးရဲ့ အရိပ်ငွေ့တွေကတော့ မနှစ်မြို့မှု အထန်ထန်နဲ့ပေါ့!!!
သူမမျက်လုံးတွေကတော့ ထိုသူ့လက်ကနေကျော်ပြီး သူ့ဆီမှာကျန်ခဲ့တာတော့ ပြောစရာကို မလိုဖူး...
မျက်လုံးရဲ့ အစွန်းအဖျားက လူအများရဲ့ အံ့ဩတီးတိုးမှုတွေကလဲ ရေစုန်မြောလာရင်းပေါ့.....
ဒါမဲ့လဲ စုန်ရေကို မိုက်ရူးရဲဆန်စွာ ဆန်ကူးရင်း......
•••
RED
•••မျက်လုံးရိပ်ထဲမှာ ထိုသူ့ကို တွေ့တာနဲ့တောင်
စိတ်ရှုပ်လာတယ်...
ပူလောင်လာတယ်......
ကျဉ်းကျပ်လာတယ်......
ဒေါသထွက်လာတယ်.......ဒါမဲ့....အမှန်တရားက...
ဝမ်းနည်းလာတယ်.....
အားငယ်လာတယ်........
သိမ်ငယ်လာခဲ့တာ............•••
RED
•••သူ့ဘေးနားမှာ ရှိနေပေးတဲ့ အနီးဆုံး သူမနဲ့ ထိုသူ့ကို သူအဝေးဆုံးရဲ့ အဝေးဆုံးကို နယ်နှင်ဒဏ်စေလွှတ်စေချင်ခဲ့တယ်...
သူတို့နှစ်ယောက်ရဲ့ အရိပ်တွေ လွှမ်းမိုးခံနေရတဲ့ ကိုယ့်ကိုကိုယ်ဟာလဲ ဒီပြစ်ဒဏ်ကို သူ့တို့ကို ချမှတ်မဲ့အစား ကိုယ့်ကို့ကိုယ်ပဲ အစား သတ်မှတ်လိုက်ရတယ်....
ဒါ သူ့ရဲ့ ပထမဆုံးသော စွန့်စားခြင်းတစ်ခု!
•••
RED
•••20/1/17 1:01 AM