မိခင်မဟုတ်သော ကျောင်းတော်ကြီးမှ အဆောင်သို့ ပြန်ရာလမ်းတစ်လျှောက်သည် ဓာတ်တိုင်တို့ထွန်းထားပါသော်လဲ မှောင်မိုက်နေ၏...
မြေပြင်သို့ ကြွေကျခတွားနေသော ယူကလစ်ပင်မှ သစ်ရွက်ခြောက်ကလေးများသည် သူ့ခြေထောက်အောက်တွင် ကြေမွပျက်စီးခြင်းအသွင်ကို ထပ်မံရောက်ရပြန်၏...
လေရူးသုန်သုန်တိုက်ခတ်နေသော ညချမ်း၏ လေပြင်းသည်လဲ အသည်းတခိုက်ခိုက် ရက်စက်စွာ အေးမြပါဘိ!!!
မီးများ ထွန်းလင်းနေရာ အဆောက်အအုံကြီး၏ အစိမ်းနုရောင် တံခါးလေးသည် အေးချမ်းခြင်းမရှိ ပူလောင်နေပြန်သည်..
လွယ်အိတ်ထက်တွင် ပုံကျနေခဲ့တာ ကြာပြီဖြစ်သော Hoddieမှ ခေါင်းဆောင်းလေးသည် သူဒီအချိန်တွင် အသုံးပြု၍ ဆောင်းလိုက်ရပြန်တော့သည်....
ထိုစဉ် မီးအိမ်ဝါလေးအောက်မှာ ငြိမ်သက်နေခဲ့သော အစိမ်းနုရောင် တံခါးကလေးသည် စိမ်းကားခြင်းတို့ကို စေလွှတ်လိုက်ပြန်၏....
တံခါးမုခ်ဝကို ကျော်၍ သုံးထစ်သော လှေကားအစွန်အဖျားတွင် ရပ်ကြည့်နေသော ထိုသူ၏ မျက်ဝန်းများမှာ အလိုမကျမှုတွေက ပြည့်နှက်နေခဲ့လေသည်...
"မင်းပြန်လာတာ နောက်ကျပြန်ပြီ...."
အဆောင်ပိတ်ချိန်ထက် ဆယ့်ငါးမိနစ်စောပြီး ရောက်နေပါသော်လဲ အပြစ်ပြောချင်နေသူအဖို့ကတော့ အပြစ်တစ်ခုပင်..
သူ့စကားကို ခွန်းတုံ့မပြန်ပဲ တိတ်ဆိတ်နေရောထင့်!!!
ထိုသူက တချို့သော စကားတို့ကို ပြန်ဆိုလာခဲ့ပြန်သည်.."မင်းMei Meiကို ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ?!ဟင်?"
တကယ်တမ်းကြတော့လဲ ထိုသူ့ရဲ့ အမြင်မကြည်မှု အကြောင်းပြချက်က ဒါပါပဲ.....
ဒီဘူတာ ဒီခရီးပဲ...သူ ထပ်၍ ခွန်းတုံ့မပြန်ခဲ့ပါ....
စွံ့အနေခြင်း မဟုတ်သလို..............
နာကျင်အောင့်သက်မှုအတွက် ခွန်းတုံ့မပြန်ခဲ့ခြင်းသာ....