အဖြူရောင် မျက်နှာကျက်ကို မော့ကြည့်ရင်း ကုန်လွန်သွားသော စက္ကန့်များကို ရေတွက်မိသည်။
ဂဏန်းပေါင်း ငါးထောင့်ရှစ်ရာ ကျော်သွားသော်လည်း သူ အိပ်မပျော်နိုင် ။
ဘေးဘီလှည့်ကြည့်သော်လည်း လူတစ်ယောက်မှ မရှိသည့် သီးသန့်ခန်းဖြစ်နေသည်ကို သူမုန်းမိပါ၏။မီးရောင်ဖျော့ဖျော့က သူ့နံဘေးတွင် ဖြာကျနေ၏။ သူ ပြတင်းပေါက်နား လျှောက်ရင်း ဆေးရုံဝင်းထဲ လူခြေမပြတ်သော ပုံရိပ်တို့ကို ခတ္တစောင့်ကြည့်နေလိုက်သည်။
နောက်တော့ သူ ... ဆေးရုံဝတ်စုံကို သေချာပြန်ခေါက်ပေးခဲ့ကာ မှောင်ပိန်းနေသော အခန်းကို နောက်ထပ်လှည့်မကြည့်ဘဲ ထွက်ခွာခဲ့ပါသည်။*******************
ဆိုးလ်မြို့၏ ပလက်ဖောင်းများတွင် လူတစ်ယောက်မှ မရှိ။
နေထွက်လာတော့မည်ဖြစ်သော်ကြောင့် ကောင်းကင်မှာ အရောင် ပြောင်းစပြုနေပါသော်လည်း မှောင်နေသေးသည်။တစ်ခါတလေ ကြယ်တွေကို ကြည့်ဖို့ သူထိုင်ချသည်။ တစ်ခါတလေ မြက်တွေကို လျစ်လျူရှုပြီး သူဆက်သွားသည်။
လျှောက်သာ လျှောက်သည်။ ဘယ်နေရာတွေမှန်းလည်း မသိ၊ လမ်းချိုးတွေ့လျှင် ချိုးဝင်လိုက်သည်။ လမ်းမရှိတော့လျှင် နောက်ပြန်လှည့်သည်။ မည်သို့ပင် သူ ပြုမူနေစေကာမူ သူ့ကို စောင့်ကြည့်နေမည့်သူမရှိ ။ ခဏအကြာတွင်တော့ သူ လှုပ်ရှားနေရင်းနဲ့ပင် လူတွေအကြား တိုးဝင်လာရတော့၏။*************************
သုံးရက်လောက် လမ်းလျှောက်နေပြီးနောက်တွင် LuHan...သူ ပင်ပန်းမှုကို သည်းမခံတော့ပေ။ အချိန်တိုင်း သူ စိတ်လွတ်ကိုယ်လွတ် လျှောက်နေပါသော်လည်း ဆိုးလ်မြို့ထဲက မထွက်သည်ကို သူသိသေးပါ၏ ။
နေကပူလွန်းသည်။ သူ့ခန္ဓာကိုယ်ကလည်း အနံ့မျိုးစုံနှင့် ရောထွေးကာ ပင်ပန်းနေလေပြီ။ သူ တဖြည်းဖြည်း အားအင်တို့ ကုန်ခမ်းလာသည်....ကို သိသော်လည်း ရပ်နားချင်စိတ်မရှိသေး။