"အာ့ !"
ချာခနဲ လည်သွားသော မေးရိုးနဲ့အတူ အဆက်မပြတ်ဝင်လာသော ထိုးနှက်ချက်များ။
ခွေညွတ်သွားသော ဒူးကြောင့် ထပ်မံရရှိလာသော ကန်ချက်များ....။ဘာလို့လဲ?
ဘာကြောင့်လဲ ?စိတ်ရှုပ်၍ ကျောင်းဖြတ်ပြီး လမ်းထွက်လျှောက်ကာမှ....
ဟက်! ကံဆိုးကောင် သွားရာ မိုးလိုက်လို့ ရွာပေမပေါ့ LuHan ရဲ့ ! ဘာကိုများ မျှော်လင့်နေသေးတာလဲ ?
မျက်နှာပေါ်ကျလာသော ကန်ချက်ပြင်းပြင်း...
ပါးစောင်မှ ကျလာသော သွေးတို့ကို ရယ်ရင်း LuHan ရယ်သာနေမိတော့၏။"ဟေ့ကောင်တွေ သွားမယ်!!! "
"...အလကားပါကွာ...စောက်သုံးမကျတာ "
တရွေ့ရွေ့ပျောက်ကွယ်သွားသော ယူနီဖောင်းနှင့် အထက်တန်းကျောင်းသားလေးများကို LuHan လှဲလျက်နှင့်ပင် ကြည့်နေနိုင်ခဲ့သည်။
တစ်ကိုယ်လုံးမှ ခံရသော နာကျင်မှုတို့ကြောင့် သူမျက်လုံးတွေ မှိတ်ချလိုက်တော့ စီးကျလာသော မျက်ရည်တွေ....' မင်းက အရှုံးသမားတစ်ယောက်ပဲ.....'
' ဟင့်အင်း Han .... နင့်လို ပျော့ညံ့တဲ့ ယောက်ျားတစ်ယောက်ကို ငါ မကြိုက်နိုင်ဘူး .....'
'ဟက်....အလကားကောင်ပါကွာ ...၊ ရှိတဲ့ ညီမတစ်ယောက်ဆီက ကာကွယ်တာကို ခံနေရတဲ့ကောင် ...!
အခြောက်ကောင် ....! '' ကဲ...သူဌေးလေး....။ ပေမနေနဲ့ ! ပိုက်ဆံပေး!! ဘာလဲ ? ညီမကို ငိုယိုပြီး ပြန်တိုင်ဦး မလို့လား....
ဟား...ဟား...ဟား...ဟား....'"မဟုတ်ဘူး!!!!! မဟုတ်ဘူး!!!!! မဟုတ်ဘူး !!!!"
ရှိသမျှ အင်အားနှင့် ကြုံးထကာ ဆေးသားများ ကွာကျနေသော နံရံကို လက်သီးဖြင့် အဆက်မပြတ်ထိုးမိနေတော့သည်။
'သူ့ ညီမခြေဖျားတောင် မမီပါဘူးဟာ '
'သူ့ညီမနောက်မှာ ၀င်ပုန်းနေတတ်တဲ့ အခြောက်ပါကွာ....'