"သားနဲ့ သမီး သေချာသွားနော်....
ဟိုမှာ အစစအရာရာ ဂရုစိုက်!ပြီးတော့ တွေ့သမျှလူတွေကို မယုံနဲ့...""ဟုတ်ကဲ့ပါ...MaMaကလဲ...Ge Geလဲ ပါနေတာကို!"
MaMa၏ လက်တွေကို ခါယမ်းကာ ကလေးသဖွယ်ဆော့နေသော Mei Mei ၏ သူ့ကိုရည်ညွှန်းသောစကားကြောင့် Lu Hanမော်ကြည့်မိသည်....
Ma Ma သည် သူ့ဖက်ကို စောင်းငဲ့ကာ အနွေးထွေးဆုံးပြုံးပြပြီး Mei ၏ ဖောင်းနေသော ပါးကလေးများကို ညှစ်ကာ
"Ge Geကိုလဲ ဂရုစိုက်ဦး Mei~
လိုအပ်တာရှိရင် အကုန်သေချာ လိုက်လုပ်ပေး~"သူ့ထက် Meiကိုကျော်ကာ သူ့အားအပ်နေသော Ma အား သူထိုအချိန်က အပြစ်မမြင်ခဲ့မိသေးပါ...
"ဟုတ်ပါပီ...MaMaရဲ့ သမီး သိပါတယ်...
Ge ကို သမီးစောင့်ရှောက်မှာ စိတ်ချ!!"Mei Mei ရဲ့ ကလေးသဖွယ် ကတိပေးမှုတွေကြောင့် သူပြုံးမိသည်....
နောက် Ma Maသည် Meiကို ပွေ့ဖက်ပြီး သူ့ဆီကီုတည်လာသောအခါ သူလဲ အလိုက်သင့် Ma ၏ ရင်ခွင်ထဲတိုးဝင်ကာ ထွေးပွေ့ထားမိသည်.....
နောက် Ma Ma က သူ့ရဲ့ မေတ္တာတွေ လွှမ်းခြုံနေသော လက်အစုံနွေးနွေးဖြင့် သူ့ပါးနှစ်ဖက်ကို ပွတ်သပ်ကာ တွေတွေလေးကြည့်နေ၏......
ထို့နောက် နဖူးပြင်ကို ဖွဖွနမ်းကာ လက်တစ်ဖက်ကို အုပ်ကိုင်၍ စိတ်ချပါရစေ ဟူသော မျက်ဝန်းတို့ဖြင့် ကြည့်နေ၏...
မေမေ့၏ မေတ္တာဓာတ်သည် လေဆိပ်တစ်ခုလုံး၌လွှမ်းခြုံနေလေ၏
•••
RED
•••MEI Mei ကြိုက်နှစ်သက်သော ကိုရီးယားမြေ၏ အငွေ့အသက်သည်...သူ့အား လွှမ်းရစ်မြူံနေပြန်၏....
မြေစိမ်းနံ့နည်းနည်းသင်းသော ကိုရီးယားမြေသည်... သာယာနာပျော်ဖွယ်အတိဟု ထိုအချိန်က သူထင်မြင်ခဲ့ပေသည်.....
ကောင်းကင်၌ ရစ်ထုံနေသော လေထုသည်ပင်လျှင်အနည်းငယ်မျှတော့ ကွဲပြားသည်ဟု သူတွေးထင်မိ၏...