မှောင်ကျနေတဲ့ ဘဝငယ်ထဲကို အလင်းပေါက်တစ်ပေါက် တိုးဝင်တဲ့အခါ ရတဲ့နည်းနဲ့ ဖမ်းဆုတ်ကိုင်ရမှာက နိယာမ တစ်ခု!
ဒါမဲ့ မာနတွေ အာဃာတတွေ မောဟတွေ လွှမ်းခြုံလိုက်တဲ့အခါ......
ကိုယ့်ရဲ့ နုံချာနေတဲ့ အမှောင်ကမ္ဘာအတွက် ထွန်းလင်းပေးတဲ့ အလင်းရောင်ကို ကိုယ့်ရဲ့ လက်နှစ်ဖက်နဲ့ အတင်းအကြပ် ပိတ်ကာထားမိပြန်တယ်.....
ဤသည်ကား......
အတ္တသည်ပဲလား????•••
RED
•••
"ငါ့ Ge Ge ကို မထိနဲ့!!!!!"
ပြဲလန်စွာ ထွက်ပေါ်လာတဲ့ ကလေးမလေးရဲ့ အော်သံကြောင့် ကောင်လေးအုပ်စုရဲ့ အာရုံဟာ သူမ့ဆီ ပျံ့လွင့်သွားတယ်...
"ဘာလဲ??!နင်နဲ့ ဘာဆိုင်လဲ??!"
အဲ့ လက်တောက်လောက် ကလေးအရွယ်လေးထဲမှာတောင်မှ ခေါင်းဆောင်လို့ ထင်ရတဲ့ ဝတုတ်တုတ်ကလေးလေးက ရှေ့ထွက်ပြီး ကောင်မလေးအသံထက်ကျယ်အောင် ပြန်ချေပလိုက်တယ်.
"နင်!!!!!GE GE ရဲ့ ချော့ကလက်ကို ခိုးတယ်!!!!!!"
အဲ့ ဖက်တီးလေးရဲ့ လက်ထဲက မြင်ဖူးတဲ့ ချော့ကလတ်ကို မြင်တွေ့လိုက်တာနဲ့ Lu Mei ရဲ့ ဒေါသတွေဟာ လျှံကျလာပါတော့တယ်.
"ဘယ်မှာ ခိုးလို့လဲ??!! Lu Han မင်း ကျွေးတာမလား??!ပြောလိုက်လေ!!"
"M...M..ee..Mei......."
"Ge Ge တော်တော့!!!
ငါ နင်တို့ကို ဆရာမနဲ့ တိုင်မှာ!!"Lu Meiရဲ့ စကားက တစ်ဖက်ကောင်လေးတွေ အတွက် ဟာသပါရော့ထင့်!
တဟားဟားနဲ့ကို ဟားတိုက်ရယ်မောကြလေရဲ့!"တိုင်လေ...ငါ့ MaMaက ကျောင်းအုပ်နဲ့ ရင်းနီးတယ်ကွ!!!ဟား ဟား ဟား ဟား!!"
"ရတယ်...အဲ့တာဆို PaPaကိုတိုင်မှာ !!!
ငါတို့ PaPaက စခန်းမှူး! နင်တို့ကို ခိုးမှု အနိုင်ကျင့်မှုနဲ့ ချုပ်ထားမှာ!"အဲ့အခါမှ ထိုကလေးလေးတွေရဲ့ မျက်နှာမှာ စိုးရိမ်သွားကြဟန်ဖြင့်!