Last Breath---Part_1

21.7K 1.1K 21
                                    

[Zawgyi]

လောကကြီးမှာ ဘယ်အရာမှ မတည်မြဲဘူးတဲ့..။
ငယ်တုန်းကတော့ အဲ့စကားကို
လက်ခံခြင်းနဲ့ လက်မခံခြင်းကြားမှာ ကျွန်တော်
နေရာပေးထားပေမယ့်...
သူနဲ့ ချစ်ပြီးနောက်ပိုင်းမှာတော့
ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့စကားကို
ဟားတိုက်ရယ်မောခဲ့မိတယ်...။
ကျွန်တော့်အပေါ်ထားတဲ့ သူ့ချစ်ခြင်းကတော့
ဘယ်လိုမှ ပြောင်းလဲမှာမဟုတ်တယ့်အရာလေ။
ဒါပေမယ့်...
အခုအခါမှာတော့....
ပညာရှိတွေ သတ်မှတ်ထားခဲ့တယ့် အဲ့ဒီစကား
လေးက...ခါးသီးချင်စရာကောင်းလောက်အောင်
မှန်နေတာကို သိလိုက်ရတယ်...။

လက်မခံချင်တယ့် နိယာမတရားတစ်ခုကို
မျက်စိစုံမှိတ်ငြင်းဆန်နေရတယ့်အခါ...
အမှန်တရားက ပေးလိုက်တယ့် နာကျင်ခြင်းကို
ကျွန်တော် ခံစားရတယ်...။
အသိအမှတ်မပြုချင်တယ့် သူ့ဥပေက္ခာတရားကို
မသိကျိုးကျွံပြုနေမိတယ့်အခါ...
ချစ်ခြင်းကပေးတယ့် ငိုကြွေးခြင်းကို
ကျွန်တော် ပိုင်ဆိုင်ရတယ်....။

အတိတ်က အဖြစ်အပျက်တွေက...
လက်ရှိပစ္စုပ္ပန်မှာ အိပ်မက်တစ်ခုလိုဖြစ်နေတယ့်
အခါ...အရူးတစ်ယောက်လို ကျွန်တော် ခေါင်း
ခါယမ်းငြင်းဆန်နေမိပေမယ့်...
ရှေ့က ပူနွေးနေတယ့် ကော်ဖီခွက်က
သူ့ချစ်ခြင်းပြောင်းလဲနေတာကို သက်သေပြ
နေတယ်...။

"ဘာတွေတွေးနေတာလဲ..."

ခပ်သြသြ ရှတတ သူ့အသံက...
ကျွန်တော့်စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတုန်းပဲ...။
ကော်ဖီခွက်လေးကို လက်ညှိုးထိပ်လေးနဲ့
အသာထိလိုက်ရင်း...

"ကော်ဖီပူနေတာကြောင့် စောင့်နေတာပါ..."

ဘယ်အချိန် သူ့စိတ်တွေ ကျွန်တော့်ဆီပြန်လည်
လာမလဲဆိုတာ စောင့်နေတာပါ...။

အထွေအထူးသတင်းတွေ မပါတယ့်
မနက်ခင်းသတင်းစာကို...
အကာအကွယ်ပြုဖတ်နေတယ့် သူက...
မျက်ခုံးပင့်ကြည့်လာရင်း...

"ကိုယ့်ဟာကိုယ် ပါးစပ်လေးနဲ့ မှုတ်သောက်
Baek...၊
အလိုလိုအေးလာမှာကို စောင့်နေရင်
နာရီတွေ ပုပ်ကုန်မယ်..."

ကော်ဖီဆို အေးမှသောက်တတ်တယ့် ကျွန်တော့်အကျင့်ကြောင့်....
အရင်က မပူအောင် သူကိုယ်တိုင်ဂရုတစိုက်
မှုတ်ပေးခဲ့တုန်းက အချိန်ဆိုတာ ထည့်တွက်
စရာမလိုခဲ့တာပဲမလား...။
အခုမှ အချိန်တန်ဖိုးကို သိနေရအောင်က
တမင်သက်သက်ပြနေတယ့် အကြောင်းပြချက်
ကောင်းတစ်ခုဖြစ်နေတယ်ဆိုတာ...
သူ သိသင့်ပါတယ်...။

Last Breath(Completed)[ZG+UNI]Where stories live. Discover now