[Zawgyi]
"ကျွန်တော်တို့ အဘွားတို့ဆီ အလည်မသွားတာ
တောင် ကြာပြီနော်..."ချစ်သူဖြစ်ပြီလို့ သတ်မှတ်လိုက်ပြီးကတည်းက
ခဏခဏသွားလည်ဖြစ်ခဲ့ကြတယ့်...
ရွာက အဘွားအိမ်ကို သတိတရဖြစ်စွာ
ကျွန်တော် ဆိုလိုက်မိတယ်...။"သွားချင်လို့လား..."
စာရင်းတွေကို တွက်နေရင်းကနေ သူ ခေါင်း
မမော့ပဲ မေးလာတော့...
ကျွန်တော် မချိပြုံးပြုံးလိုက်မိတာကိုလည်း
မြင်နိုင်မယ်မထင်...။
အိမ်မှာ တစ်ယောက်တည်းနေရတာ ပျင်းရိတယ်
ဆိုတဲ့ အကြောင်းပြချက်ကောင်းလေးတစ်ခုနဲ့
သူ့ကုမ္ပဏီရှိရာဆီ နေ့လည်လိုက်လာခဲ့တော့...
ကြုံတောင့်ကြုံခဲရောက်လာရတဲ့ ယောက်ျား
ဖြစ်သူကို...လျစ်လျူရှုကာ...
သူ့အလုပ်အပေါ်ပဲ အာရုံရောက်နေတယ်...။"Yeolမှ မအားတာ...
နေပါ့စေတော့..."အခန်းထောင့် ပန်းအိုးထဲက...
ဂမုန်းပင်လား ဘာလားမသိတဲ့...အရွက်စိမ်းကြီး
တွေနဲ့ အပင်ကို ကျွန်တော် ငေးစိုက်ကြည့်နေလိုက်မိတယ်...။
ဗီရိုပေါ်မှာတော့ သူစွမ်းဆောင်လို့ရခဲ့တဲ့
ဆုလက်မှတ်တွေ...။
တစ်ချက်တစ်ချက် ထွက်ပေါ်လာတဲ့...
သူ့ရဲ့ ဖောင်တိန်ခြစ်သံကလွဲရင်...အခန်းက
တိတ်ဆိတ်နေပြန်တယ်...။
တကူးတကရောက်လာတဲ့ ကျွန်တော့်ကို
နေ့လည်စာလိုက်ကျွေးဖို့ အာရုံ...
သူ့မှာရှိဟန်မတူပါ...။"တစ်ကယ်လို့...
ဒီတစ်ပတ်ပိတ်ရက် အဆင်ပြေရင်
ကိုယ်တို့သွားရအောင်လေ...."မသေချာတဲ့ ခရီးစဉ်တစ်ခုကို ကြိုတင်မှန်းမျှော်
ရင်း...ပျော်ရွှင်ရတဲ့ အထက်တန်းကျောင်းသား
အရွယ်ကို...ကျွန်တော် ကျော်လွန်ခဲ့ပြီးပေမယ့်...
အခုထိလည်း သူနဲ့ပတ်သက်ရင်...
မရေရာတဲ့ အခြေအနေလေးတစ်ခုကအစ
ရူးသွပ်နေမိတယ်...။"ဟုတ်ကဲ့...
အဲ့ဆို ကျွန်တော်ပြန်လိုက်ဦးမယ်နော် Yeol...""အော်...ပြန်တော့မှာလား...
အင်းအင်း...ကောင်းကောင်းပြန်ဦးနော်...."မျက်နှာချင်းဆိုင် နံရံပေါ်...ပန်းချီကားထဲက
လေးထောင့်အကွက်လေးတွေ...
5ခုအထိရေပြီးမှ ကျွန်တော် ထိုင်ရာကနေ
ထလိုက်မိတယ်...။
ဘာရည်ရွယ်ချက်နဲ့ အကွက်လေးတွေကို
ရေနေမိတယ်ဆိုတာ.ကျွန်တော့်ကိုယ်ကျွန်တော်
တောင် သေချာမသိ...။
မျှော်လင့်နေတဲ့ အရာတစ်ခုဖြစ်တည်လာမလား
ဆိုတဲ့ အိပ်မက်တစ်ခုနဲ့...အချိန်ဆွဲနေမိခြင်း
တစ်မျိုးလား...။
YOU ARE READING
Last Breath(Completed)[ZG+UNI]
RomanceChanbaek (Yaoi) နောက်ဆုံးထွက်သက်အထိ စွဲဆုပ်ကိုင်ထားမိချင်တာ အောက်ဆီဂျင်မဟုတ်ပဲ~ မင်းရဲ့ နာမည်လေးကိုပဲ~~~~~