[Zawgyi]
Message Boxကနေ လာပြောတဲ့သူတွေကို...
ဒီbabyလေးကို မြန်မြန်upပေးမယ်လို့ ကတိပေးမိပြီးမှ နောက်ကျသွားတယ်...။
ဟန်းဆက်ကြီးက တကယ်ဟန်းဆက်ဆိုတဲ့အတိုင်း
ဟန်းပြီးပျက်သွားတာကြောင့်ပါ...။
အဲ့တော့...
Type ထားသမျှတွေက ရေစုံမျောရော...။
အခုမှ...ပြန်upနိုင်တယ့် အခွင့်ရလာတာကြောင့်
ဒုတိယအကြိမ်မြောက် type...upလိုက်ရပါတယ်လို့....။•~°•~°•~°•~° Last Breath •~°•~°•~°•~°
မမြင်အပ်တဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတဲ့အခါ...
ကျွန်တော့်ရဲ့ ခြေထောက်တွေက ကျွန်တော့်စိတ်အလိုကိုမလိုက်ပေးဘဲ...
ညွတ်ခွေကျတယ်...။
ကုန်းအမြင့်ပေါ်ရောက်နေတဲ့
ကျွန်တော့်အတွက်...
ထိုင်ချလိုက်မိတယ့်အခါ.အောက်ထပ်မှာ
ဖြစ်ပျက်နေမယ့်
သူတို့ နှစ်ယောက်ရဲ့ အချစ်ခန်းကို ဖုန်းကွယ်လိုက်သလို
ဖြစ်သွားတဲ့အတွက်တော့...
နာကျင်နေတယ့်ကြားက ကံကောင်းခြင်းတစ်ခု လို ကျွန်တော် ကြိတ်ဖြေလိုက်မိပါတယ်...။"Baek...အပြင်ထွက်လာတာလား...
ဘာလို့လဲ...?
ကိုယ် လာပါ့မယ်ဆို ဘာလို့ထွက်လာတာလဲ???
အလကား အအေးမိအောင်..."စိုးရိမ်ပူပန်မှုအယောင်ဆောင်ဖုန်းအုပ်ထားတဲ့..မေးခွန်းတစ်ခုနဲ့အတူ...သူ အနားရောက်ကာ ဆိုလာတယ်...။
ထူးဆန်းတယ်...
ကျွန်တော် ဘာလို့ လဲနေသလဲ သူ မမေးဘူး...၊
အမှားတစ်ခုလုပ်ထားတဲ့.လိပ်ပြာမလုံသူတစ်ယောက်လို
စိတ်ထဲရောက်လာတယ့် စကားတွေကိုသာ...
စကားလုံးမဆင်ပဲ သူ ပြောနေတယ်...။"စိတ်ထဲ မွန်းနေလို့.....၊
ပြေးလာတာ လဲတာကြောင့်ထိုင်နေတာ...
ရပါတယ်....သွားရအောင်..လေ..."ဟားးး ကျွန်တော်လဲ ဘာထူးသလဲ...၊
သူ့အကြည့်တွေလိုပဲ ကျွန်တော့်စိတ်တွေကလည်း မတည်မငြိမ်ဖြစ်နေတယ်...။
သူလည်း သတိမထားမိသလို...
ကျွန်တော်လည်း ဂရုမစိုက်ဖြစ်ဘူး...။
YOU ARE READING
Last Breath(Completed)[ZG+UNI]
RomanceChanbaek (Yaoi) နောက်ဆုံးထွက်သက်အထိ စွဲဆုပ်ကိုင်ထားမိချင်တာ အောက်ဆီဂျင်မဟုတ်ပဲ~ မင်းရဲ့ နာမည်လေးကိုပဲ~~~~~