[Zawgyi]
ကျွန်တော် ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ထဲမှာ... ကပ်စေးနှဲတဲ့သူတစ်ယောက်ရေနစ်တဲ့အခါမှာ... ကမ်းပေါ်ကလူက လက်ကမ်းပေးပါလို့ ပြောတယ်တဲ့...။ဒါပေမယ့်...
ကပ်စေးနှဲတဲ့သူက သူ့ဘက်က ဘာမှအပါမခံ
နိုင်ဘူးဆိုပြီး...အကူအညီကို မယူဘူး။
အဲ့ဒီအချိန်မှာ ဉာဏ်ရှိတဲ့သူတစ်ယောက်က
ရောက်လာပြီး...ကျွန်တော့်လက်ကို လှမ်းဆွဲ
ပါလို့ပြောမှ...လက်ကိုလှမ်းဆွဲပြီး ကမ်းပေါ်
တက်လာခဲ့တော့တယ်...။ကျွန်တော်တို့2ယောက်အဖြစ်က အဲ့ဒီပုံပြင်လေး
အတိုင်းများဖြစ်နေလေပြီလား...။
သူက ကျွန်တော့်ဆီကို လက်မကမ်းပေး...၊
သို့တိုင်အောင် ပုံပြင်ထဲကလူလို...ကမ်းပေးနေ
တဲ့လက်ကိုလည်း လှမ်းမဆုပ်ကိုင်...။
ကျွန်တော့်ကို နေရာတွင်သာ ရပ်ကြည့်နေဆဲ...
ကြည့်နေမြဲပါပဲ...။ကမ်းလင့်နေတယ့် ကျွန်တော့်လက်တွေ
နာကျင်အံသေနေပါပြီ...။"Baek...
ဟိုနေ့က မိုးရေစိုလာတဲ့ အင်္ကျီကရော?"သူ လဲခိုင်းထားတဲ့ ခေါင်းအုံးစွပ်တွေကို လဲနေ
တုန်း အနားရောက်လာကာ မေးလိုက်တဲ့
သူက...တစ်စုံတစ်ရာကို မနှစ်မြို့သလိုမျိုး...
မျက်ခုံးနှစ်ဖက်က တွန့်ကွေးနေတယ်...။"အဝတ်လျှော်ရမယ့် ခြင်းတောင်းထဲမှာ
ထည့်ထားတယ်....""မလျှော်ရသေးတာတော့ မဟုတ်ပါဘူးနော်..."
သူ မကျေနပ်နေတာ ဒါလား...။
သူ့အင်္ကျီရေစိုတာလဲ မဟုတ်...၊
ကျွန်တော့်အင်္ကျီရေစိုတာကို မလျှော်မိတာက
အပြစ်တစ်ခုဖြစ်နေတာလား...။
ရမည်ရှာ အပြစ်ဖို့နေတာတွေက သူ့စိတ်ကုန်
ခြင်းရဲ့ ထွက်ပေါက်တစ်ခုဖြစ်မှန်းမသိဖြစ်လာ
ခဲ့တဲ့အခါ....
ကျွန်တော့်နေရာက သူ့ဆီကနေ တဖြည်းဖြည်း
ကျဉ်းမြောင်းလာခဲ့ရတယ်...။"ကျွန်တော် မလျှော်ဖြစ်သေးတာကြောင့်ပါ..."
"မိုးရေစိုတာကို ချက်ချင်းမလျှော်ရင်...
အနံ့ဘယ်လောက်ဆိုးလဲ Baekသိလား..."ခါးပေါ်ကို လက်တစ်ဖက်ထောက်ရင်း
ခပ်မာမာမေးလိုက်တော့...ကျွန်တော့်ရင်ဘတ်
အောင့်သက်လာတယ်။
သူ...ကျွန်တော် နာကျင်နေရတာကို တကယ်
မမြင်တာလား...၊
မမြင်ချင်ယောင်ပဲဆောင်နေတာလား....။
တကယ်မမြင်တာပဲ ဖြစ်ဖြစ်...
မမြင်ချင်ယောင်ဆောင်တာပဲ ဖြစ်ဖြစ်...
နှစ်ခုစလုံးက ကျွန်တော့်အတွက် ကောင်းမွန်နေ
တာမျိုးမှ မဟုတ်တာ...။
YOU ARE READING
Last Breath(Completed)[ZG+UNI]
RomanceChanbaek (Yaoi) နောက်ဆုံးထွက်သက်အထိ စွဲဆုပ်ကိုင်ထားမိချင်တာ အောက်ဆီဂျင်မဟုတ်ပဲ~ မင်းရဲ့ နာမည်လေးကိုပဲ~~~~~