[Zawgyi]
တဒီဒီအသံက နားထဲမှာ တိုးဖျဖျကြားနေရ
တယ်...။
တိတ်ဆိတ်နေခြင်းရဲ့ ခံစားချက်တစ်မျိုးကလဲ
ကိုယ်တွင်းကို မသိမသာစိမ့်ဝင်လို့...။
မျက်ခုံးလေးတစ်ချက်အတွန့်နဲ့...
ကျွန်တော့်ကမ္ဘာပြန်အသိဝင်လာတယ်...။ဦးဆုံးမြင်လိုက်ရတာက...
အပြာရောင်ဖျော့ဖျော့မျက်နှာကျက်...။
ခြေရင်းတည့်တည့်မှာတော့...လိုက်ကာစအဖြူ
လေးတွေ ကာရံထားတဲ့ ပြတင်းပေါက်တစ်ခု...။အင်အားမရှိ ဖျော့တော့နေတဲ့ကြားက...
ခေါင်းကို အားတင်းစောင်းလိုက်တော့...
ညာဘက်စားပွဲပေါ်မှာ ရေငွေ့တွေထုတ်လွှတ်
ပေးနေတဲ့....စက်တစ်ခု...။
အော်...တိုးဖျဖျကြားနေရတဲ့...တဒီဒီအသံက
အဲ့စက်ကထွက်နေတာကိုး...။
စက်နဲ့ ကုတင်ကြားမှာ နေရာယူနေတာတစ်ခု
ရှိနေသေးတယ်...။
Drip stand....
Drip standကိုမြင်လိုက်ရတော့မှ...
ဆေးရုံတစ်ခုကိုရောက်နေတာပါလားဆိုတဲ့
အသိက ၀င်လာတယ်...။ညာဘက်လက်ကောက်ဝတ်က အောင့်သက်သက်ခံစားချက်ကိုရလိုက်တော့...
အခန်းတွင်းထဲက အကျည်းတန်အဖြစ်ကို
ပြန်မြင်ယောင်လာတယ်...။တံခါးဖွင့်သံနောက်မှာ အခန်းထဲကိုဝင်လာတဲ့
သူ...၊
မဟုတ်ဘူး...သူ မဟုတ်ဘူး...
Bobbyပဲ ...။"မင်္ဂလာပါလို့ နှုတ်ဆက်ချင်စိတ်တောင်မရှိဘူး
Byun Baekhyun.."ကုတ်အင်္ကျီအိတ်ထောင်ထဲကို လက်ထည့်
သွင်းထားရင်း...Bobby ခပ်တည်တည်ဆို
တယ်...။
Bobby..ကျွန်တော့်ကို စိတ်ဆိုးနေမှာ....၊
စိတ်ဆိုးတာထက်တောင် ပိုချင်ပိုနေမှာ...။"သိပ်သေချင်နေတယ်ထင်တယ်
Baekhyun..."Drip standက ဆေးအတိုးအလျော့ကိုချိန်ဆ
နေရင်း...ဆိုလာတဲ့ Bobbyစကားကြောင့်...
ကျွန်တော် ခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်...။"အင်း...
ငါ သေချင်နေတယ်...""လူညာ..."
YOU ARE READING
Last Breath(Completed)[ZG+UNI]
RomanceChanbaek (Yaoi) နောက်ဆုံးထွက်သက်အထိ စွဲဆုပ်ကိုင်ထားမိချင်တာ အောက်ဆီဂျင်မဟုတ်ပဲ~ မင်းရဲ့ နာမည်လေးကိုပဲ~~~~~