[Zawgyi]
ရံဖန်ရံခါကြားနေရသော မနက်မိုးသောက်အသံ
တို့သည်ပင်...ဒီနေ့မှ တိတ်ဆိတ်နေသယောင်။
ဘယ်လောက်ပဲ ကျွန်တော် အအိပ်မက်တဲ့သူ
တစ်ဦးဖြစ်နေပါစေ...မနက်ခင်း ပတ်ဝန်းကျင်
သက်ဝင်လာပြီဆိုတာနဲ့...
ကျွန်တော့်အာရုံလည်း အသိဝင်လာပြီးသား...
အဲ့...တစ်ခုတော့ ရှိတယ်...
ကျွန်တော်တို့2ယောက်နေတယ့်အိမ်လေးက
သီးသန့်ဆန်တယ်...၊လူနေပြတ်တာရယ်လဲ
မဟုတ်ပေမယ့်လို့ ရောရောထွေးထွေးမနေတတ်
တယ့် ကျွန်တော့်အကျင့်ကို သူ အလိုလိုက်စွာ
ဒီတစ်ထပ်အိမ်လေးကို မရမကရှာဝယ်ခဲ့တာ...။
ကျွန်တော့်လိုအင်...
သူ့ဖြည့်ဆည်းချက်နဲ့...
ထိုစဉ်အခါကတော့ သိပ်ပျော်ရွှင်စရာကောင်း
ခဲ့တာပဲ...။ဒီနေ့မနက်မှာတော့...
ညအိပ်ခါနီးကပဲ အတွေးလွန်နေတာကြောင့်လား... မနက်လင်းခါနီးမှ အိပ်ပျော်သွားခဲ့တယ့် ကျွန်တော်...
နေတော်တော်မြင့်မှ နိုးလာခဲ့တယ်...။အိပ်မပျော်စဉ်က ပုံစံလေးအတိုင်း ကျွန်တော်
မျက်လုံးပွင့်လာတော့...
မြင်နေရတယ့် တစ်ဖက်ခြမ်း သူ့နေရာက...
ဟင်းလင်းဖြစ်လို့...။
တွန့်ကြေနေတယ့် အိပ်ရာခင်းစကို
မမှိတ်မသုန်စိုက်ကြည့်နေရင်း...အပြင်ဘက်က
သူဘာလုပ်နေမယ်ဆိုတာကို...
တွေးတောနေမိတယ်...။မျက်စိတစ်ဆုံးမှာ မြင်နေရတယ့်...
ဗီရိုအပုလေးထက်မှာ သူ့ရဲ့လက်ပတ်နာရီလေး
ရှိနေတယ်။
ဒီ ဗီရိုလေးကို ပရိဘောဂပွဲတော်တစ်ခုမှာ
သူ သိပ်ကြိုက်လွန်းလို့ ဝယ်လာခဲ့တာ...၊
အညိုရင့်နဲ့ အညိုဖျော့နှစ်ရောင်မှာ
ကျွန်တော်က အညိုဖျော့...
သူကတော့ အညိုရင့်ဆိုပြီး...သဘောထား
မတိုက်ဆိုင်လို့တောင် စကားများချင်ချင်ဖြစ်ခဲ့
ကြသေးတယ်...၊
သို့ပေမယ့်...အရာရာမှာ ကျွန်တော့်အလိုကို
လိုက်ခဲ့တယ့်သူက ကျွန်တော့်အကြိုက်အရောင်
ကိုသာ ရွေးချယ်ပေးခဲ့ပါတယ်...။
နောက်နေ့မနက်မှာပဲ...ကျွန်တော် အညိုရင့်ကို
ပြန်ပြောင်းခဲ့တော့....
ကျွန်တော့်ကို ချစ်ရတာ သိပ်ကံကောင်းတာပဲလို့ သူ တခုတ်တရကြွေးကြော်ခဲ့တာ...။အတိတ်ကို ပြန်ပြောင်းအောက်မေ့နေတာ
သိပ်ဘဝင်မကျစရာကောင်းတာသိပေမယ့်...
စိတ်သဘောထားမတိုက်ဆိုင်တာလေးတွေ
ရှိလာရင်...
အရင်ကလို ညှိနှိုင်းယူလို့ အဆင်မပြေဘူးလား။
YOU ARE READING
Last Breath(Completed)[ZG+UNI]
RomanceChanbaek (Yaoi) နောက်ဆုံးထွက်သက်အထိ စွဲဆုပ်ကိုင်ထားမိချင်တာ အောက်ဆီဂျင်မဟုတ်ပဲ~ မင်းရဲ့ နာမည်လေးကိုပဲ~~~~~