Last Breath---Part_8 (Final)

12.1K 1K 107
                                    

[Zawgyi]

"ခဗျားဆိုတာက... ကျွန်​​တော်​ ဘယ်​လို​ပြောရ
မယ်​မှန်းကိုမသိ​တော့တာ..."

ညစ်​ညစ်​ညူးညူး ​ပြောလိုက်​ရင်း...Bobby...
ခွက်​အဖြူ​လေးထဲက အဖြူ​ရောင်​အရည်​​တွေကို
မော့​သောက်​လိုက်​မိတယ်​...။
ပူရှိန်းရှိန်း ရှတတအရသာက လည်​​ချောင်း
တစ်​​လျှောက်​ စူးရှစွာဆင်းချသွား​ပေမယ့်​...
အပြင်​က တိုက်​တဲ့​လေ​အေးတစ်​ချက်​​ကြောင့်​.
ဆန့်ကျင်ဘက်​​​ခံစားချက်​နှစ်​မျိုးကို...
တစ်​ပြိုင်​နက်​တည်း လက်​ခံလိုက်​ရတယ်​...။

မျက်​စိ​ရှေ့က ​ကြွေကျသွားတဲ့ သစ်​​ရွက်​အ၀ါ
လေးတစ်​ရွက်​ကို...တ​မေ့တ​မော​ငေးစိုက်
ကြည့်​​နေရင်းမှ...
Bobby အာရုံက...နံ​ဘေးက Chanyeol ဆီကို
ပြန်​​ရောက်​လာတယ်​...။

"ခဗျားကို ကျွန်​​တော်​ဆွဲထိုးပစ်​ချင်​တာ...
ကျွန်​​တော်​နဲ့မဆိုင်​လို့သာ​ပေါ့..."

ခွက်​ကို အ​ဝေးကို လွှင့်​ပစ်​လိုက်​ရင်း...Bobby
တစ်​စုံတစ်​ရာကို ဆဲ​ရေးလိုက်​မိတယ်​...။

"အရမ်းငြိမ်းချမ်းတယ်​..."

ပတ်​၀န်းကျင်​နဲ့တစ်​သီးတစ်​ခြားဖြစ်​​နေတဲ့ ​နေရာ
လေးဆို​တော့...Bobby အာရုံ​တွေက..
စိတ်​သာရာဘက်​ ​လျှောက်​​ပြေး​နေတယ်​...။

Chanyeol ကို တစ်​ချက်​​စောင်းငဲ့ကြည့်​လိုက်
တော့...သူက...Bobbyကို ကြည့်​မ​နေ...၊
ခပ်​လှမ်းလှမ်းဆီကိုသာ ပြုံးပြီးကြည့်​​နေတာမို့
Bobby စိတ်​အချဉ်​​ပေါက်​လာကာ...

"​ပျော်​သလား...ဟမ်​..???
ပြုံး​နေတာပဲ...၊
Baekhyun ကို သတိ​ရောရရဲ့လား..."

သစ်​ရွက်​တစ်​ရွက်​ ​ခေါင်း​ပေါ်​ကြွေကျလာတာ
ကြောင့်​...Bobby အလန့်​တကြားဖြစ်​သွားပြီးမှ
ရှက်​ရွံ့စွာရယ်​တယ်​...။

"ငါ့မလဲ အရူးကျ​နေတာပဲ...
လူကို အဖက်​မလုပ်​တဲ့သူကို စကား​ပြော​နေတာ"

Chanyeol ဆီက သက်​ပြင်းချသံထွက်​လာ
သလိုပဲ...။
မဟုတ်​ဘူး...Park Chanyeol ဆိုတဲ့သူက..
ဘယ်​​တော့မှ အဲ့လို​ဖြစ်​မှာမဟုတ်​ဘူး...။
မိနစ်​တစ်​ခုကြာတယ့်​အထိ Chanyeol ​ရော...
Bobby ​ရော...နှစ်​​ယောက်​စလုံးငြိမ်​​နေမိတယ်​။
ပြီးမှ...Bobby သက်​ပြင်းကို ချလိုက်​ကာ...

Last Breath(Completed)[ZG+UNI]Where stories live. Discover now