Taeyong 's POV
အဲ့ညညလေးတစ်ည
ကျနော့်ကိုနှိပ်စက်ခဲ့တဲ့ည
Taeil နဲ့ဝေးရာကို ကျနော်နဲ့ Jaehyun ထွက်လာလိုက်တယ်။
လရောင်ကြောင့်မမှောင် တမှောင်ဖြစ်နေတဲ့ည ရဲ့လမ်းမတွေပေါ်မှာ ကျနော်နဲ့ Jaehyun ရဲ့ခြေသံတွေပဲ့တင်ထပ်နေခဲ့တယ်။ဆောင်းလေအေးတွေက ကျနော့်ပါးပေါ်ကို ဒရကြမ်းတိုက်နေတယ်။ လက်ဖျားတွေအေးနေလို့ ဘောင်းဘီအိတ်ထဲကိုလက်၂ ဖက်ထည့်ကာ Jaehyun ရဲ့အနောက်ကနေ အသာလေးလိုက်လာခဲ့တယ်။
Jaehyun က ကျနော့်ရှေ့ကနေလျှောက်တာမို့လို့ သူ့မျက်နှာအရိပ်အကဲကိုကျနော်ခန့်မှန်းလို့မရသလို Taeil လက်ချက်ကြောင့် သူ့မျက်နှာမှာ ထင်ကျန်ခဲ့တဲ့ ဒဏ်ရာအခြေအနေကိုလည်းမသိနိုင်ပါ။
ဆေးရုံနဲ့ဝေးရာကိုလျှောက်လာခဲ့တယ်ဆိုပေမယ့် တကယ်တမ်းကျ ဒီလောက်ခပ်ဝေးဝေးကိုရောက်လာလိမ့်မယ်လို့ကျနော်ထင်မထားခဲ့ပါ။
ညသန်းခေါင်အချိန်နားကပ်နေပြီဖြစ်တဲ့အတွက် လူခြေတိတ်ဆိတ်နေခဲ့ပြီ......
လူမရှိတော့တဲ့ ပန်းခြံနားလေးကို ကျနော်တို့ရောက်လာတယ်။ အဲ့ပန်းခြံ အရှေ့ကိုရောက်လာတဲ့အထိ Jaehyun နဲ့ကျနော်စကားတစ်ခွန်းမှမပြောခဲ့ပါ။ သူကလည်းကျနော့်ကိုလှည့်မခေါ်သလို ကျနော်ကလည်းသူ့ကိုလှမ်းမခေါ်ခဲ့ပါ။ ၂ ယောက်သား ရှေ့ဆင့်နောက်ဆင့်လမ်းလျှောက်နေရုံကလွဲလို့ဘာမှမပြောခဲ့....ဆောင်းလေအေးတွေက ပန်းခြံထဲမှာရှိတဲ့ပန်းရနံ့တွေကိုသယ်ဆောင်လာနေတယ်။
လေအေးတွေဘယ်လောက်တိုက်တိုက် ကျနော့်ရင်ထဲမွန်းကြပ်နေခဲ့တယ်။(Taeyong; ဒါမဖြစ်နိုင်မှန်းမင်းသိပါတယ်။ မဖြစ်နိုင်တာကိုအတင်းလုပ်ယူနေရင်နောင်တချိန်မင်းပဲနာကျင်ရမှာ.)
Taeil စကားကိုဂရုမစိုက်ဘဲ Jaehyun လက်ကိုဆွဲပြီးရူးမိုက်စွာထွက်ခဲ့ပေမယ့် အခုလမ်းတလျှောက်လုံးကျနော့်နားထဲမှာထပ်ခါထပ်ခါပြန်ကြားနေတာက Taeil ရဲ့စကား....
ဘယ်သောအခါကမှ Taeil စကားကိုနားမထောင်ခဲ့ဖူးသလို နားလည်းမယောင်ခဲ့ဘူး။
ဒါပေမယ့်အခုစကားကိုတော့ ကျနော်ခေါင်းထဲထည့်နေမိတယ်။
YOU ARE READING
I Starve Freedom
General Fiction"လွတ်လပ်ခွင့်" ???? "Hak လွတ်လပ်ခွင့်ဆိုတာ မင်းအတွက်နည်းနည်းလေးမှမတန်ဘူး ဒီမှာ Lee Tae Yong မင်းအရင်ကတည်းက ဝဋ် ကြွေးပါလာတာကြောင့်လို့ပဲ သတ်မှတ်လိုက်" -Jaehyun "အင်းလေ ဟုတ်မှာပါ သူ့လက်ခုပ်ထားကရေ ဖြစ်နေတဲ့ဘဝကနေဘယ်တော့မှလွတ်လပ်မှာမဟုတ်ပါဘူး" -Taeyo...