I Starve Freedom Ch-14

804 77 3
                                    

Taeyong's POV

အေးစက်စက်အခန်းထဲမှာ ညတိုင်းကြိတ်ငိုခဲ့ရတဲ့ညတွေမနည်းတော့ဘူး
အေးစက်မှုကကျနော့်ရဲ့အထီးကျန်မှုတွေကိုပိုပိုထောက်ပံ့ပေးတယ်

ဘာ့ကြောင့်များ ဒီလိုကိစ္စကြီးကိုကျနော့်ကိုလိမ်ထားရတာလဲ?
သူ့ဘေးနားမှာအမြဲဖက်တွယ်ရင်း သူ့ကိုချစ်နေရတဲ့ကျနော်ဟာ အရူးတစ်ယောက်လိုပဲ

Jaehyun ကျနော့်ကိုသူ့အိမ်ပေါ်ခေါ်လာတာဟာ သူ့ရဲ့ချစ်သူအနေနဲ့
အကြွေးနဲ့သိမ်းတာကတော့သက်သက်ယုတ်မာတာပေါ့လေ

သို့သော်လည်းအခုဖြစ်နေတာက သူတို့အိမ်ကအိမ်ဖော်တစ်ယောက်အဖြစ်

Jaehyun နဲ့ကျနော်နီးနီးကပ်ကပ်မတွေ့ရတာရက်အတော်ကြာနေပြီဖြစ်သလို သူ့ဇနီးရဲ့အဆူအငေါက်ကိုခေါင်းငုံ့ခံရင်းစိတ်ဆင်းရဲစွာနေလာရတာလည်းလချီနေခဲ့ပြီ

ကျနော်ရုန်းထွက်ချင်လာပြီ
ဒုတိယအကြိမ် ကိုယ်ကိုယ်တိုင်တိုးဝင်ခဲ့မိတဲ့ မလွတ်လပ်တဲ့ထောင်ချောက်ထဲကနေရုန်းထွက်ချင်လာပြီ....

အိမ်မှုကိစ္စအကုန်လုပ်ရတဲ့အပြင် Joy နဲ့ပြဿနာမတက်ချင်လို့ လုပ်ရတဲ့အလုပ်တွေကိုတောင်သေသေချာချာအရမ်းစေ့စပ်ရတယ်
ဒီကြားထဲ Jaehyun နဲ့ဝေးဝေးနေရတယ်
သူနဲ့ရှောင်ရတဲ့အချိန်က ညနေပိုင်းနဲ့မနက်ပိုင်းလေးတစ်ချက်ပါပဲ။ သူကအိမ်မှာမရှိတာများတယ်

သူကအလုပ်သွား ။ သူ့ဇနီးကကျန်ခဲ့တော့ ကျနော်နေရထိုင်ရတာ စိတ်အရမ်းကျဉ်းကြပ်တယ်။

တရားဝင် ဇနီးမယားနဲ့ တရားမဝင်တဲ့ယောက်ျားလေးချစ်သူဆိုရင်
ကျနော်ဘက်ကပဲနောက်ဆုတ်ပေးရမှာထုံးစံပဲမဟုတ်လား?

တစ်ခါတစ်လေတော့ ၂ ယောက်အတူ အပြင်သွားကြတဲ့နေ့တွေရှိတယ်။

ဒီနေ့လည်း Joy ဘက်ကအတင်းပူဆာလို့ shopping ထွက်ပေးရပြန်တယ်

အိမ်မှာ ကျနော်တစ်ယောက်တည်းဆိုပြီးခြေပစ်လက်ပစ်နေလို့မရ။
အိမ်မှုကိစ္စအကုန်လုပ်ပြီးမှ အသက်ရှူနိုင်တယ်
ပြန်လာရင် အပြစ်အရမ်းမြင်တတ်တဲ့ Joy ရဲ့အဆူအပူကိုကျနော်မခံချင်လို့ပါ

Jaehyun and Joy အခန်းထဲဝင်လိုက်တော့ ကျနော်တောင်စိတ်တွေရှုပ်သွားချင်သလိုလိုဖြစ်သွားတယ်

I Starve Freedom Where stories live. Discover now