I Starve Freedom Ch-2

1.8K 108 1
                                    

Jaehyun 's POV

ကျနော့်အတွက်တော့ online မှာခင်တဲ့သူငယ်ချင်းဆို သူငယ်ချင်းကောင်းလို့တောင်ပြောလို့ရတဲ့အထိ ကျနော့်အပေါ်ကောင်းကြတယ်

ကျနော့်ရဲ့အပြင်ကတကယ့်အပေါင်းအသင်းတွေဟာ ကျနော်သူတို့အပေါ်ဘယ်လောက်ကောင်းကောင်း ကျနော့်ကိုရှိလို့ရှိမှန်းသိကြတဲ့သူတွေတောင်မဟုတ်။

Lee Taeyong

ဒီacc ပိုင်ရှင်ဟာ ကျနော်တွေ့ဖူးသမျှထဲမှာ အထူးခြားဆုံးသူငယ်ချင်းတယောက်

သူ့ရဲ့လွတ်လပ်မှုတွေအားလုံးကို သူ့အမေဆီမှာ ဝက်ကွက်အပ်နှံထားရသူ

In chat box

"အင်းလေ  hyung ရဲ့သင်တန်းကိုကျနော်လာတွေ့မှာပေါ့ စိတ်ချပါ hyung ကိုကျနော်မရောင်းစားပါဘူး"

"ငါ့ကိုလာလှောင်နေတာလား"

"အယ်!!! မဟူတ်ဘူးလေ စနောက်ရုံသက်သက်လေးပါ"

"တားလို့မရလည်းလာခဲ့လေ ဒါပေမယ့်အကြာကြီးတော့လက်ခံပြီးစကားပြောနိုင်မှာမဟုတ်ဘူး"

"သိပါတယ်  ကျနော်ကတွေ့ချင်ရုံသက်သက်လေးပါ"

"စနေနေ့ တွေ့ရအောင်"

"ok ကျနော် blue color ဝတ်လာခဲ့မယ်"

****************

On Saturday

သင်တန်းအပေါက်ဝမှာကျနော် Taeyong ကိုစောင့်နေခဲ့တယ် 

"Ya Jaehyun"

"nae?"

ရုတ်တရက်လာခေါ်လို့ကျနော်တောင်ကြောင်သွားတယ်

"Taeyong hyung "

ရိုးရိုးရှင်းရှင်း အဖြူရောင်စပို့ရှပ်ပဲဝတ်ထားတဲ့ ကောင်လေးတယောက်ကျနော့်ကိုလာခေါ်တယ်
သူဟာကျနော်စောင့်နေတဲ့ Taeyong များလား
Taeyong ဟာကျနော့်ထက်၂နှစ်ပိုကြီးတယ် ဒါပေမယ့်သူ့မျက်နှာကကျနော့်ထက်တောင်နုသေးတယ်

"ငါ Taeyong "

သူ့ပါးစပ်က သူဘယ်သူဆိုတာကိုသေချာအောင်ထပ်ပြောလိုက်တော့ကျနော်ပိုလို့တောင်အံ့သြနေခဲ့တယ်

နို့နှစ်ရောင်အသားအရေ
ဖြောင့်စင်းနေတဲ့နှာတံ
ဘယ်သူမှာမှမရှိနိုင်တဲ့ jaw
အရောင်လဲ့နေတဲ့သူ့ရဲ့နက်မှောင်တဲ့မျက်ဆံ

I Starve Freedom Donde viven las historias. Descúbrelo ahora