Jaehyun's POV
Taeyong အခန်းထဲကထွက်သွားတော့
ကျန်ခဲ့တဲ့ကျနော့်ရှေ့က တရားဝင် ကျနော်မချစ်သောကျနော့်ဇနီး Joy ကိုဒေါသကြီးစွာစိုက်ကြည့်လိုက်တယ်"Joy မင်းရဲ့မောက်မာမှုတွေ ၊ မဟုတ်ရမ်းတရားစွပ်စွဲမှုတွေကိုရပ်သင့်ပြီလို့ငါထင်တယ်"
"ဖြစ်နိုင်တာကိုတွေးတာမို့မရပ်နိုင်ဘူးဆိုရင်ရော?"
"ငါစကားမများချင်ဘူးကွာ!!! မဟုတ်တာတွေဆက်မဖြစ်အောင် မင်းဘက်ကဒီကိစ္စမှာတစ်ခါပဲလျှော့ပေးပါ"
"မလျှော့နိုင်ဘူး။ တကယ်တမ်းလျှော့ရမှာ Lee taeyong ဆိုတဲ့အလုပ်သမားပါ Joy ကဘာကြောင့်အလျှော့ပေးရမှာလဲ?"
"မဟုတ်ဘူးကွာာာာာာ!!!!! သူဘာမှမမှားဘူး သူဘာမှမလုပ်ဘူး သူ့မှာဘာအကြံအစည်တွေမှလဲမရှိဘူး မင်းစွပ်စွဲသလို အချက်အလက်တွေခိုးပြီးသူ့ဘာသာသူရပ်တည်နိုင်လောက်အောင်၊ ယုတ်မာတဲ့အတွေးတွေမရှိအာင်ကို သူကအရမ်းဖြူစင်တယ်"
"ဘာ့ကြောင့် ကျွန်မဘက်ကမပါဘဲ ဘာမဟုတ်တဲ့ အညတရအလုပ်သမားဘက်ကပါနေရတာလဲ?"
"Joy!! စကားကိုကြည့်ပြောပါ ။ သူကမင်းပြောသလိုအရမ်းနိမ့်ကျနေတဲ့အလုပ်သမားမဟုတ်ဘူး မင်းဆူပူသမျှ နှိမ်သမျှကိုသူအမြဲသည်းခံပြီးလုပ်ပေးနေတာပဲ ဘာ့ကြောင့်သူ့လိုမျိုးမှအကောင်းမမြင်ဘဲ ပြစ်ချက်တင်နေရတာလဲ?"
"Jung Jaehyun!!!! ရှင်လည်းဦးနှောက်မရှိဘဲရူးနေပြီနဲ့တူတယ် ရှင့်လိုယောက်ျားကိုကျွန်မဘာကြောင့်ချစ်ခဲ့မိတာလဲ? ဟက်"
"ဒါဆိုလည်းကွာရှင်းရအောင်"
"ဟင့်အင်း ။ ရှင့်ကိုစိတ်ဆင်းရဲပြီးသေသွားတဲ့အထိကျွန်မပေါင်းမှာ"
"ဒါပေမယ့် ငါကတော့မင်းလိုစိတ်သဘောထားမပြည့်ဝတဲ့မိန်းမတစ်ယောက်နဲ့ရှေ့မဆက်နိုင်ဘူး"
ဘယ်ဘက်လက်သူကြွယ်မှာ နေသားကျနေပြီဖြစ်တဲ့ ရွှေရောင်လက်ထပ်လက်စွပ်ကိုကျနော်အမြန်ချွတ်လိုက်ပြီး အိပ်ရာပေါ်ပစ်တင်လိုက်သည်။
"ရော့!!!! ငါမင်းလိုအိမ်ထောင်ဖက်မျိုးအလိုမရှိဘူး"
"တောက်!!!!"
YOU ARE READING
I Starve Freedom
General Fiction"လွတ်လပ်ခွင့်" ???? "Hak လွတ်လပ်ခွင့်ဆိုတာ မင်းအတွက်နည်းနည်းလေးမှမတန်ဘူး ဒီမှာ Lee Tae Yong မင်းအရင်ကတည်းက ဝဋ် ကြွေးပါလာတာကြောင့်လို့ပဲ သတ်မှတ်လိုက်" -Jaehyun "အင်းလေ ဟုတ်မှာပါ သူ့လက်ခုပ်ထားကရေ ဖြစ်နေတဲ့ဘဝကနေဘယ်တော့မှလွတ်လပ်မှာမဟုတ်ပါဘူး" -Taeyo...