Ep 8

110 10 0
                                    

အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၈)

စနေထွဋ်ခေါင်သည် စာရင်းများချုပ်ရင်း အညောင်းဆန့်ကာ မိုးစက်ကို ရှာလိုက်သော ဆိုဖာပေါ်တွင် ခွေခွေလေးအိပ်ပျော်နေသည်ကိုတွေ့သော် အမှတ်တမဲ့ငေးကြည့်နေမိသည်။ မျက်တောင်စင်းစင်း လေးနှင့် နှာတံထင်ထင်းလေးက သူ့မျက်နှာကျနှင့် လိုက်ဖက်လှသည်။  မျက်လုံးပွင့်နေချိန်ဆိုလျှင် သူနှင့် စကားပြောသူကို မျက်လုံးတည့်တည့်စိုက်ကြည့်ကာ အပြုံးမျက်နှာလေးနှင့် ပြောတတ်ပုံလေး ကတဖက်သားကို ကရုစိုက်ကာ အင်မတန်ကိုအလေးအနက်ထားမှန်း သိသာနိုင်ပြီး သူလေး၏ရိုးသား သော အတွင်းစိတ်ကို ဖော်ပြနေသည်။

ဆံပင်ကို တိုတိုလေးညှပ်ထားသဖြင့် နုပျိုသောမျက်နှာလေးက ပေါ်လွင်နေသည်။ နေ့တိုင်း မိမိနှင့် Gym ကစားလာသည်မှ တနှစ်ခွဲခန့်ရှိပြီဆိုတော့ ခန္ဓာကိုယ်အချိုးအစားက ပေါ်လွင်လာလေပြီ။ ခပ်ကျစ်ကျစ်နှင့် ကိုရီးယားမင်းသားလေးလိုလို၊ ယိုဒယားမင်းသားလေးလိုလို နှင့် အပြင်ထွက်လျှင် မိန်းကလေးများက လည်ပြန်ငေးသွားကြစမြဲပင်။

သို့သော် စနေထွဋ်ခေါင် ထုဆစ်ထားသည့် မင်းသားလေးက တကယ့်ကို အရိုးခံအဖြူထည်လေး အတိုင်း ရှိနေဆဲဖြစ်သဖြင့် စနေထွဋ်ခေါင်အံ့အားသင့်ရသည်။ သူလေးက Gay မဟုတ်သည်ကို မိမိ အသိဆုံးပါ။သို့သော် သဘောထားသေးသော Straight တွေလိုမဟုတ်သဖြင့် စနေထွဋ်ခေါင်ဝမ်းသာ မိသည်။ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ မည်သူမှမည်သူ့ကို ကြိုက်လို့ရသည်ဆိုပြီး ကျဉ်းမြောင်းစွာ ဘောင်ခတ်သည်ကိုတော့ မိမိမုန်းသည်။ လူလူုခြင်း နှိမ့်ချဆက်ဆံသည်ကိုလည်း မနှစ်သက်ပေ။ လွတ်လပ်သူအချင်ချင်းဆိုလျှင် မည်သူမဆို ချစ်နိုင်သည်ပေါ့။

မိုးစက်လေးလို  ဖြူစင်သူကရှားသည်။ မိမိကံကောင်းသည့်အချက်က နှင်းကလေးအပါအ၀င် ရိုးသား ဖြူစင်သူလေးကို ၂ ယောက်တွေ့ဖူးခဲ့လေပြီ။ မိုးစက်သည် အင်မတန်ကို စိတ်ထားကောင်းသည်။ အလုပ်အပေါ်အလေးအနက်ထားသည်။ တိကျသည်။ လူတိုင်းအပေါ် နွေွးေထွးစွာဆက်ဆံနိုင်သည်။ ဘယ်သူ့အပေါ်ကိုမှ စိတ်ယုတ်မာမမွေးတတ်ပေ။အားနည်းချက်များကတော့ အင်မတန်ကို နားလည် မှုရှိလွန်းခြင်းဖြစ်သည်။ သနားတတ်သည်။ အားနာတတ်သည်။ တဖက်သားကို အင်မတန် ယုံကြည် လွန်းသည်။

အချစ်စစ်၏ တည်နေရာ [Season 3]Where stories live. Discover now