Ep 11

118 7 0
                                    

အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၁၁)

စနေထွဋ်ခေါင်သည် မိုးစက်ကို လက်ပြနူတ်ဆက်ပြီးအိမ်ထဲဝင်ခဲ့သည်။ မိုးစက် အိမ်ပေါ်မှပြေးဆင်း လာပြီးကြိုသည်။ လှေကားမှခုန်ပေါက်ဆင်းလာသဖြင့် စနေထွဋ်ခေါင်သတိပေးရသေးသည်။

“ပြုတ်ကျမယ်ညီ…ဖြည်းဖြည်းဆင်း။ အကိုကြီး ထွက်မပြေးပါဘူး။”

“အကိုကြီးကိုတွေ့ရတာ ၀မ်းသာလို့ပါဗျ။ တနေကုန်ပျင်းနေတာ။ ခြံထဲဆင်းပြီးထိုင်တော့လည်း ကြောင်တောင်တောင်နဲ့။ တနေကုန် ထိုင်လိုက်၊ထလိုက်နဲ့ အချိန်ကကုန်ခဲလိုက်တာဗျာ။”

စနေထွဋ်ခေါင်သည် ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောလိုက်ပေ။ စိတ်ထဲမှာတော့ မိုးစက်နှင့် ထပ်တူ ခံစားရသည်။ သို့သော် မကြာခင်ပြန်တော့မည့် ဧည့်သည်ကို စိတ်ယိုင်အောင် ဘာမှမပြောဖို့ ဆုံးဖြတ်လိုက်သည်။

“ခွေးတွေနဲ့ဆော့လေ ညီလေး။ နေ့ခင်းပူတယ် ခြံထဲမဆင်းနဲ့။ မနက်ပိုင်းတော့ သစ်ပင်ရိပ်မှာ စာဖတ်လေ။”

“မဖတ်ချင်ဘူး။ မျက်ရိုးကိုက်တယ်။ အကိုကြီး ရေချိုးလိုက်ဦးဗျာ။ ကျွန်တော် ညနေစာပြင်ခိုင်းထား လိုက်မယ်။ ဒီနေ့က special menu လေ။ ဟိုတလောက အကိုကြီးစားချင်တယ်လို့ပြောတာတွေ စီစဉ်ခိုင်းထားတယ်။”

စနေထွဋ်ခေါင်ပြုံးသွားသည်။ ဒီလိုအလိုက်သိတာလေးတွေကို ချစ်ရတာမဟုတ်လား။
“ကျေးဇူး ညီလေး။”

မိုးစက်က ရယ်လိုက်ကာ
“အကိုကြီးကလည်းဗျာ…. ညီအစ်ကိုခြင်းကို သူစိမ်းစကားတွေ သိပ်မပြောပါနဲ့။”

“သူစိမ်းတွေပဲ မဟုတ်လား ညီလေး။ ”
စနေထွဋ်ခေါင် ညင်သာစွာပြောလိုက်သောအခါ မိုးစက် သူ့မျက်နှာကိုဖြတ်ခနဲကြည့်ကာ မျက်နှာညှိုး သွားသည်။သို့သော် မျက်နှာထားကိုပြင်လိုက်ပြီး ဘာမှမဖြစ်သလိုပြုံးကာ ပေါ့ပေါ့ပါးပါးဖြေလိုက် သည်။
“ဟုတ်ပါတယ် အကိုကြီး။ ကျွန်တော် မေ့သွားလို့ပါ။ ကဲ ကျွန်တော် မီးဖိုထဲသွားလိုက်ဦးမယ်။”

“မိုးစက်..”
စနေထွဋ်ခေါင်သည် လှည့်ထွက်သွားသော မိုးစက်ပုံလေးကို မကြည့်ရက်သဖြင့် လှမ်းခေါ်လိုက်သည်။

အချစ်စစ်၏ တည်နေရာ [Season 3]Where stories live. Discover now