အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၁၃)စနေထွဋ်ခေါင်သည် မိုးစက်ကို လုပ်ငန်းများကို ခဏ လွှဲကာ ဥရောပမှ ကုန်စည်ပြပွဲသို့ထွက်လာ ခဲ့သည်။ ဘာလိုလိုနှင့် မိုးစက်နှင့်ခွဲရမည့် အချိန် ၁၅ ရက်ခန့်သာကျန်တော့သည်။ အစိမ်းခွဲတာထက် စာရင် မျှင်းပြီးခွဲတာ ပိုသက်သာမည်ထင်သောကြောင့် စနေ တမင်ထွက်လာခဲ့ခြင်းဖြစ်သည်။
မိုးစက်သည် အကိုကြီး၏ အလုပ်များကို စနစ်တကျလုပ်ကိုင်နေစဉ် မိမိထံ မထင်မှတ်သော ဧည့်သည်ရောက်လာခဲ့သည်။
“ခွန်မိုးစက် ဧည့်သည်လာပါတယ်။”
“ဘယ်သူလဲ။ အကိုကြီး ဧည့်သည်လား။”
“မြန်မာပြည်ကပါ။”
“လွှတ်လိုက်လေ။ ”
မိုးစက်သည် အကိုကြီး၏ အတွင်းရေးမှူးကို ဖုန်းဖြင့်လှမ်းပြောလိုက်သည်။ တံခါးမှ ဖြတ်ဝင်လာသူက မိုးစက်၏ ချစ်သူငယ်ချင်းဖြစ်သည်။
“မိုးစက်….မင်းတို့ company ကြီးက ခန်းနားလိုက်တာကွာ။ ”“၀သုန်… မင်း လာလည်တာလား။”
“မင်းကို တွေ့ချင်တဲ့သူကို ခေါ်လာပေးတာ။ ၀တီ လာပါ။”
ဝသုန် တံခါးကိုဖွင့်ကာ သူ့နေုာက်မှ စောမြ၀တီကို ခေါ်လာခဲ့သည်။ မိုးစက် အသက်ရှူအောင့် သွားသည်။“ဘာကိစ္စုရှိလို့လဲ ၀သုန်….”
မိုးစက် အံ့အားသင့်စွာမေးလိုက်သည်။“တို့ကို စကားပြောခွင့်ပြုပါ မိုးစက်။ ”
မိုးစက်သည် ကလေးပွေ့ထားသည့် စောမြ၀တီကို တလှည့် ၀သုန်ကိုတလှည့်ကြည့်ကာ ဘာပြန်ပြော မှန်းမသိဖြစ်နေစဉ် စောမြ၀တီ၏ တောင်းပန်သော မျက်ဝန်းများကြောင့် သက်ပြင်းရှိုက်ကာခေါင်းငြိမ့် လိုက်သည်။
“ကျေးဇူးတင်ပါတယ် မိုးစက်ရယ်။”
မိုးစက်သည် စောမြ၀တီနှင့် ၀သုန်ကို ဆိုဖာပေါ်ထိုင်စေပြီး တံခါးကို လောခ်ချလိုက်သည်။ အပြင်မှ အတွင်းရေးမှုးကို ဖုန်းလာလျှင် လွှဲမပေးရန်မှာထားလိုက်သည်။ ယိုဒယားစကားကို ကျွမ်းကျင်စွာ ပြောဆိုနေနိုင်သော မိုးစက်ကို ၀သုန် ငေးကြည့်ရင်း မိမိသူငယ်ချင်း ပြောင်းလဲသွားသည်ကို မျက်ဝါး ထင်ထင်မြင်တွေ့ပြီး ဂုဏ်ယူမိလိုက်သည်။