Ep 15 (Final)

273 14 0
                                    

အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၁၅)
ဇာတ်သိမ်းပိုင်း

မိုးစက်သည် မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်မိသည်။ မိမိနောက်ဆုံးသိလိုက်တာက အကို့ကို ကားနှင့်လွတ်အောင် တွန်းထုတ်လုက်တာပဲဖြစ်သည်။ နောက်ပိုင်း ဘာဖြစ်သွားသည်ကို မိမိမသိ တော့ပေ။ မိမိသေသွားလျှင်လည်း အကို အသက်ရှင်နေလျှင် ကျေနပ်ပါသည်။ မိမိကတော့ ဘာဖြစ်ဖြစ်ပါ။ မိမိကြောင့် အကို နစ်နာတာများနေပြီ။ အကိုက မိမိနှင့်အတူအနေရလျှင် သေမင်းကို ရွေးချယ်ဝံ့အောင် ချစ်သည်ကိုသိရတော့ ကျေနပ်ပါပြီ။ ဒါဆိုလျှင် မိမိကလည်း သူ့ကို အသက်ပြန် ပေးဝံ့ပါသည်။

မိုးစက်ဆိုသော မိမိသည် ရူးရူးမိုက်မိုက် အချစ်ကို ကိုးကွယ်သောသူဖြစ်သည်။

"မိုးစက်....ချာတိတ်....မိုးစက်....မိုးစက် ...မျက်လုံးဖွင့်ကြည့်ပါအုံး။ မင်း အခုနေသေသွားရင် တမလွန်အထိ မင်းကိုလိုက်သတ်မယ် မိုးစက်။ ကြားရဲ့လား။ "

မိမိပါးပြင်ကို အသာပုတ်ကာခေါ်နေသော အကို့အသံကြောင့် မိုးစက် ၀မ်းနည်းသွားသည်။ သူ့ကို မိမိကယ်ခဲ့သည့်တိုင် သူလည်း မိမိနှင့်အတူ သေဆုံးသွားပြီလား။ ဟင့်အင်း။ မသေရဘူး။ မသေရဘူး။ အကိုမသေရဘူး။

"အကို မသေရဘူး။"
မိုးစက်မျက်လုံးဖွင့်မကြည့်ပဲ အသံထွက်ကာ ရေရွတ်လိုက်မိသည်။

အကို့ရယ်သံကို ကြားလိုက်ရပြီး မိမိနူတ်ခမ်းနွေးခနဲဖြစ်သွားသည်။ ပြီးမှအကို့အသံက နားနားကပ်ကာ တိုးတိုးပြောလိုက်သည်။

"ချာတိတ် ထတော့။ ကို့်အနမ်းနဲ့ နှိုးတာ ထတော့လေ...."

ထိုအခါမှ မိုးစက် မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ မိမိတို့နှစ်ယောက်လုံး လမ်းဘေးမြက်ခင်းပေါ် လဲနေပြီး ကားသမားက ကားပေါ်မှ ဆဲကာ ဘုကြည့်ကြည့်ရင်းမောင်းထွက်သွားသည်။ မိုးစက်က အကို့ကို တွန်း လိုက်သောအခါ အကိုကလွင့်ထွက်သွားစဉ် သူ့လက်ကို အမိအရဆွဲချကာ လမ်းဘေးကို လှိမ့်ချလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်လုံး အသက်ဘေးမှ လွတ်သွားခြင်းဖြစ်သည်။

အချစ်စစ်၏ တည်နေရာ [Season 3]Where stories live. Discover now