📌Unicode
တစ်စုံတစ်ယောက်အတွက်
ပထမဦးဆုံး ခံစားချက်တွေနဲ့အတူ
လေးနက်စစ်မှန်တဲ့ အချစ်တွေ
နှလုံးသားထဲမှာ သိမ်းထားတယ်
ဒါပေမဲ့ ဘယ်တော့မှ ထုတ်ဖော်ပြောမိမှာမဟုတ်။:•:•:•:•:•:•
ကျွန်တော့် နာမည် ကင်မ်ထယ်ယောင်း ။
အနုပညာ နာမည်ကတော့ တစ်လုံးထဲနဲ့ အများရဲ့ အသဲကို စွဲညို့မဲ့ "V"
တောင်ကိုရီးယားနိုင်ငံရဲ့ အနုပညာလောကမှာ A-list စာရင်းဝင် နာမည်ကြီး သရုပ်ဆောင် မင်းသား တစ်ယောက် ။
တင်စားပြောဆိုရရင် ကောင်းကင်ထက်မှာ
တလက်လက်နဲ့ အတောက်ပဆုံးလင်းလက်နေတဲ့ ကြယ်လေးတစ်ပွင့်ပေါ့ ။Star တစ်ယောက်ဖြစ်ဖို့ အောင်မြင်ကျော်ကြားဖို့ ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး ။ အထူးသဖြင့် အနုပညာလောက,က ယှဉ်ပြိုင်မှုတွေ သိပ်များသား။ ဆွဲခေါ်ဖို့ကမ်းလင့်ထားတဲ့ လက်တွေရှိသလို ထိုးချဖို့အသင့်စောင့်နေတဲ့ လက်တွေကလဲ များတယ်။
ဒီအတွက် နာမည်တစ်လုံးရဖို့ အနုပညာလောကမှာ ရေရှည်ရပ်တည်နိုင်ဖို့ ဘဝတစ်ခုလုံးနဲ့ ရင်းပြီး အရည်အချင်းပြည့်မှီအောင် ကြိုးစားအားထုတ်ခဲ့ရ ၊ ရုန်းကန်ခဲ့ရ ၊ ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ နည်းမှ မနည်းပဲ ။
V ဆိုတဲ့ ကြယ်ပွင့်လေးအဖြစ် ရှင်သန်ရာ ကမ္ဘာလေး ထဲမှာတော့ ချစ်ခင်မြတ်နိုးစွာ အမြဲအားပေးနေတဲ့ ကျွန်တော့်ရဲ့ ထာဝရပရိတ်သတ်
Fan တွေရှိနေလို့ ခွန်အားတွေ တက်စေခဲ့ပါတယ်။
ကျွန်တော့်အတွက် အိုအေစစ်လေးတွေလို့ ပြောရင်လဲ မမှားပါဘူး။သို့သော်လည်း ထိုလောကမှာက သဘောကျနှစ်ခြိုက်သူတွေ ရှိသလို မလိုမုန်းတီး မနာလိုမှုတွေနဲ့ စောင့်ကြည့်နေတဲ့ Anti တွေလဲ ရှိတာပဲ။
ချစ်တဲ့သူရှိရင် မုန်းတဲ့သူတွေလဲ ရှိနေနိုင်တာ
မဆန်းပါဘူး။သို့ပေမယ့် ဘာပဲဖြစ်ဖြစ်ပါ ။
ဘယ်လို အန္တရာယ်တွေပဲ ရှိပါစေ
ကျွန်တော့်အနားမှာအမြဲရှိနေပေးပြီး
ကျွန်တော့်ကို အရိပ်တကြည့်ကြည့်နဲ့
ကာကွယ်စောင့်ရှောက်ပေးနေတဲ့
YOU ARE READING
Not Baby But Cuttie [Completed]
Romance"ကလေးလေးမဟုတ်တော့ပေမဲ့ ကလေးထက် ပိုမိုချစ်စဖွယ်ကောင်းသူ ထိုလူသားကို ကျွန်တော်သည် မြတ်မြတ်နိုးနိုး ချစ်မိခဲ့ပါသည်" "ကလေးလေးမဟုတ်တော့ပေမဲ့ ကလေးထက် ပိုမိုချစ်စဖွယ်ကောင်းသူ ထိုလူသားကို ကျွန်တော်သည် မြတ်မြတ်နိုးနိုး ချစ်မိခဲ့ပါသည်" He is not baby...