Not Baby But Cuttie : 10

8.9K 774 155
                                    

📌Unicode

ပျော်စရာတွေကို
အတူတူ ဖန်တီးမယ်
အခမ်းနားဆုံး
အမှတ်တရတွေကို
အတူတူ ပုံဖော်မယ်
မင်းလေးကသာ
အနားမှာအမြဲရှိနေပေး ။

:•:•:•:•:•:•:•

"Wow... လှလိုက်တဲ့ Las Vegas မြို့ကြီး"

​မြို့ပေါ် ခြေချ, ချချင်း လေဆိပ်အထွက် ကားပေါ်မတက်ခင်ကထဲက တဝိုးဝိုးတဝါးဝါးနဲ့ အော်ဟစ်ရင်း မြူးတူးပျော်ရွှင်စွာ တက်ကြွခုန်ပေါက်နေတဲ့
ကျွန်တော့်ရဲ့ ချစ်ရသူ မင်းသားလေး V ။

သူပျော်နေတာလေးကို ကြည့်ရင်း ကျွန်တော်ပါ ပိုမိုပျော်ရွှင်လာခြင်းမှာ သူ့ရဲ့အပျော်တွေ ကူးစက်လာခြင်းကြောင့်ထင် ။

တကယ်တော့ ကျွန်တော်တို့ နှစ်ယောက် အခု ရောက်ရှိနေတာ United States ရဲ့ Popular အဖြစ်ဆုံး မြို့ကြီးတွေထဲက တခုဖြစ်တဲ့ Las Vegas မြို့မှာ...

အကြောင်းအရင်းမှာ ချစ်သူသက်တမ်း ၁နှစ်ပြည့်ပြီးသည်အထိ နှစ်ယောက်ထဲ သီးသန့် အပျော်ခရီးဆိုတာ သွားရောက် လည်ပတ်ခဲ့ဖူးခြင်း မရှိဘူးလေ ။

သိတဲ့အတိုင်း ကျွန်တော်တို့မှာ အလုပ်တွေပိပြီး အားလပ်ချိန်ဆိုတာမရှိဘူး မလား ။

ချစ်သူလေးက A-list စာရင်းဝင် နာမည်ကြီးမင်းသားဆိုတော့လဲ Schedule အများသား ။ Shooting ဆိုတာအပြည့် ၊ တခုပြီးတခု ဇယ်ဆက်သလိုပဲလေ ။

ခုတော့ ၁ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အပျော်ခရီး မရရအောင်ထွက်ရအောင်ဆိုပြီး Manager တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ Powerနဲ့ ချစ်ရသူလေးရဲ့ Schedule ကို  ဟို Shooting ဖြုတ် ဒီ Shooting ရက်ရွှေ့ လုပ်ရင်း Manage လုပ်လိုက်တော့ ...ဟော ခုလို လည်ပတ်ဖို့ ရက်တစ်ပတ် ရရှိခဲ့ပြီပေါ့ ။

အခုတော့ ခရီးထွက်ဖို့ မရမက ကြံစည်ခဲ့တာ အောင်မြင်တယ်ဆိုရမယ် ... သူလေး ပျော်နေတာ ကြည့်ဦးလေ ။

ဒါတောင် လေဆိပ်မှာတင်ရှိသေးတယ်နော် ... ကျန်တဲ့ မြို့ထဲက အထင်ကရ အလှပဆုံးနေရာတွေများ  ရောက်ရင်တော့လား ဘယ်လောက်တောင် ပျော်နေမလဲမသိ ။

ချစ်သူတွေအဖြစ်နဲ့ ပထမဆုံး ထွက်ဖြစ်တဲ့ အပန်းဖြေ ခရီးစဉ်လေးမို့ သိပ်ကို ရင်ခုန်စိတ်လှုပ်ရှားရပါသည် ။

Not Baby But Cuttie [Completed]Où les histoires vivent. Découvrez maintenant